DVB Logo
Home
မြန်မာသတင်း
ပန်းဂေါ်ဖီဈေးကောင်းမရသဖြင့် စိုက်တောင်သူများ အရှုံးပေါ်
DVB
·
October 16, 2023
ပန်းဂေါ်ဖီဈေးကောင်းမရသဖြင့် စိုက်တောင်သူများ အရှုံးပေါ်
1 / 2
Donate to DVB

ပန်းဂေါ်ဖီ အဝယ်မရှိတာကြောင့် ‌ဈေးကောင်းမရရှိဘဲ စိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ပန်းဂေါ်ဖီစိုက် တောင်သူတွေက ပြောပါတယ်။

ပန်းဂေါ်ဖီ ခေါ် ပန်းမုန်လာ ခေါ် ပန်းပွင့် ဈေးနှုန်းဟာ ခြံဖြတ်ဈေး တထုပ်ကို ကျပ် ၇၀ မှ ကျပ် ၉၀ သာရှိပြီး ဇူလိုင်လနဲ့ယှဉ်ရင် ကျပ် ၈၀၀ နီးပါး ဈေးကျဆင်းခဲ့ပါတယ်။

ဇူလိုင်အကုန်က ရာသီဥတုအခြေအနေတွေကြောင့် အာရှလမ်းပျက်စီးပြီး နယ်စပ်ကို ပန်းဂေါ်ဖီကားတွေ မထွက်တာကြောင့် စိုက်တောင်သူတွေ အရှုံးပေါ်‌ခဲ့ပေမဲ့ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းပါက ဈေးပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ပြီး ထပ်ပြီး စိုက်ပျိုးခဲ့ပေမဲ့ ဈေး‌ကောင်းမရတာကြောင့် ထပ်မံပြီး အရှုံးပေါ်ခဲ့တယ်လို့ ပင်းတယရှိ ပန်းဂေါ်ဖီစိုက် တောင်သူတဦးက ပြောပါတယ်။

“အာရှလမ်းမပျက်ခင်က ဈေးတော်တော်ကောင်းတယ်၊ ၁ ပိဿာ ၅၀ သား တထုပ်ကို ၉၀၀ နီးပါးအထိ ရခဲ့တာ။ အဲဒီအချိန် ဈေးကောင်းရတယ်ဆိုပြီး ထပ်စိုက်ကြတာ။ လမ်းပျက်ပြီး ဈေး ၁၀ ဆလောက် ကျသွားရော။ လမ်းပြန်ကောင်းပြီး ၁၀ လပိုင်းလောက် ဈေးပြန်‌ကောင်းလာမယ်ဆိုပြီး မျှော်လင့်ခဲ့ပေမဲ့ အခုထိ မကောင်းသေးဘူး။ တချို့အခင်းတွေဆို ဝယ်မယ့်သူတောင် မရှိပါဘူး။ စိုက်စရိတ်က တဧကကို သိန်း ၂၀ ကျော် ၃၀နီးပါး ကုန်ပေမဲ့ ၁၀ သိန်းတောင် ပြန်မရပါဘူး။”

ပန်းဂေါ်ဖီဟာ ပြည်တွင်းက အဝယ်ရှိနေပေမဲ့ ဇူလိုင်လကနဲ့ယှဉ်ရင် ၁၀ ပုံ ၁ ပုံခန့်သာ ရှိတော့တယ်လို့ အောင်ပန်း ကုန်‌စိမ်းရောင်းဝယ်သူတဦးက ပြောပါတယ်။

“အရင်က တနေ့ကို ရှမ်းတောင်‌ အောင်ပန်းကနေ ပန်းပွင့်ကား တနေ့ကို အနိမ့်ဆုံး ၁၂ ဘီးကား ၁၀ စီးထွက်တယ်။ နယ်စပ်က အဝယ်များရင်တော့ ၁၅ စီးကျော်အထိ ထွက်တာ။ အခုဆို တနေ့တစီးလောက်ပဲ ထွက်တာ။ ရှမ်းတောင်ပန်းပွင့်အထွက်အားက တနေ့ကို ကုန်ချိန် ၁ သိန်းကျော်ပေမဲ့ အခုရောင်းအားက တနေ့ကို ကုန်‌ချိန် ၁ သောင်းလောက်ပဲရှိတော့ ကုန်သည်တွေလည်း တောင်သူတွေက အဝယ်မရှိတော့လို့ တောင်သူတွေ အရှုံးပေါ်တာပါ။”

ပန်းဂေါ်ဖီကို ရှမ်းပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ နောင်တရား၊ တီကျစ်၊ ကလော၊ အောင်ပန်း၊ ပင်းတယနဲ့ ရွာငံဒေသတို့မှာ အဓိကစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ မိတ္ထီလာနဲ့ ချင်းတွင်းမြစ်ရိုး အရှေ့ဘက်ကမ်း ကျေးရွာတွေမှာလည်း စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013