DVB Logo
Home
မြန်မာသတင်း
မုန်လိုင်ခက်စခန်း တိုက်ခိုက်ခံရမှု တိုကျိုတွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
October 15, 2023
မုန်လိုင်ခက်စခန်း တိုက်ခိုက်ခံရမှု တိုကျိုတွင် ဆန္ဒပြ (ဓာတ်ပုံ)
1 / 6
Donate to DVB

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လိုင်ဇာအနီး မုန်လိုင်ခက် ကချင်ဒုက္ခသည် စခန်းမှာ ကလေးသူငယ် ၁၄ ဦးအပါအဝင် လူ ၂၉ ဦး သေဆုံးခဲ့တဲ့ စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့မှုကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိဖို့နဲ့ ထောက်ပံ့ရေး ရန်ပုံငွေ ကောက်ခံရေးကို တိုကျိုမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စစ်ကောင်စီက မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး ၂၉ ဦး သေဆုံးခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တာပါ။

ဒီပွဲကို ကချင်အမျိုးသားများရေးရာအစည်းအရုံး-ဂျပန် (KAO Japan)၊ We For All အဖွဲ့မိသားစုနဲ့ ဂျပန်နိုင်ငံရောက်နွေဦးတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီဟာ နေ့စဉ်နဲ့အမျှ  နိုင်ငံအနှံ့အကြမ်းဖက်သတ်ဖြတ်နေတာကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိအောင် အခုလို လူစည်ကားတဲ့ တိုကျိမြို့ iyugaoka ဘူတာမှာ ပြုလုပ်တာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ မာရစ်ဇမ်ဘူးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

စစ်ဘေးရှောင်စခန်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ကျန်ရစ်ခဲ့တဲ့ စစ်ဘေးရှောင် မိသားစုတွေနဲ့အတူ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေလည်း ထပ်တူနားလည်ခံစားကြကြောင်းနဲ့ အားဖြည့်ကူညီဖို့အတွက်  အခုလိုလာရောက်ပူးပေါင်းခဲ့တာလို့ ဦးဆောင်တဦးဖြစ်တဲ့ ကိုမျိုးမင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဟာ နေ့စဉ်နဲ့အမျှ ကိုယ့်မြန်မာပြည်သူတွေကို နိုင်ငံအနှံ့ အကြမ်းဖက်သတ်ဖြတ်နေတာကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိအောင် အခုလို လူစည်ကားတဲ့ တိုကျိမြို့ Jiyugaoka ဘူတာမှာ ပြုလုပ်တာလို့ ဆိုပါတယ်။

ဆန္ဒပြတောင်းဆိုပွဲမှာ မြန်မာ့အရေးကို ဂျပန်ပြည်သူတွေ ပိုမိုနားလည်ကူညီလာနိုင်စေဖို့ လက်ကမ်းစာစောင်ဝေခဲ့ကြသလို အလှူငွေ ကောက်ခံခဲ့ကြပြီး ကောက်ခံရရှိလာတဲ့အလှူငွေတွေကို ကချင်စစ်ဘေးရှောင်ဒေသက အရေးတကြီးလိုအပ်နေသော နေရာတွေကို လှူဒါန်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားက  မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ  စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂ ယူနီဆက် အပါအဝင် နိုင်ငံတကာကလည်း အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်နေမှုကို ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013