DVB Logo
Home
အားကစား
ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ အထိ ပြည့်မြောက်ရန် စီရော်နယ်ဒို မျှော်မှန်း
DVB
·
October 15, 2023
ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ အထိ ပြည့်မြောက်ရန် စီရော်နယ်ဒို မျှော်မှန်း
Donate to DVB

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက်သွင်းဂိုး စုစုပေါင်း ဂိုး ၁၀၀၀ အထိ ပြည့်မြောက်ဖို့ မျှော်မှန်းနေပါတယ်။

ရော်နယ်ဒိုဟာ ဆလိုဗက်ကီးယားအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး သွင်းခဲ့ပြီးနောက် နိုင်ငံတကာသွင်းဂိုး ၁၂၅ ဂိုးပြည့်ခဲ့သလို ကစားသမားဘဝတလျှောက်မှာ သွင်းဂိုးစုစုပေါင်း ၈၅၇ ဂိုးအထိရှိလာခဲ့တာပါ။

ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် သွင်းဂိုး ၁၀၀၀ ပြည့်အောင် ကြိုးပမ်းမှာဖြစ်ကြောင်း ပေါ်တိုအသင်း ဥက္ကဋ္ဌ နူနိုပင်တိုကို ပြောခဲ့ပြီး ခက်ခဲပေမဲ့ လုပ်ဆောင်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ရော်နယ်ဒိုက“သွင်းဂိုး ၁၀၀၀ မသွင်းနိုင်ခင်မှာ ဂိုး ၉၀၀ ပြည့်ဖို့ အရင် ကြိုးပမ်းရပါမယ်။ သွင်းဂိုး ၉၀၀ ကတော့ ပြည့်မြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဂိုး ၁၀၀၀ ပြည့်ဖို့ ပစ်မှတ်ကတော့ စိန်ခေါ်မှုကြီးမားပြီး ခက်ခဲမှာပါ။ ဒါပေမဲ့ ကျနော် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှု ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေက တုံ့ပြန်တဲ့ အခြေအနေအတိုင်း လုပ်ဆောင်သွားပါမယ်” လို့ ပြောပါတယ်။

သူဟာ အခုနှစ်ရာသီ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းထားပြီးဖြစ်ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013