DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဗုံးပေါက်၊ ၅ လ အတွင်း ၉ ကြိမ်ထက်မနည်းပေါက်ကွဲခဲ့
DVB
·
October 14, 2023
လားရှိုးတွင် ဗုံးပေါက်၊ ၅ လ အတွင်း ၉ ကြိမ်ထက်မနည်းပေါက်ကွဲခဲ့
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ အောက်တိုဘာ ၁၃ ရက် မနေ့ည ၇ နာရီ ဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့ပြီး ဒါဟာ ၅ လအတွင်း ၉ ကြိမ်ထက်မနည်း ပေါက်ကွဲတာဖြစ်သလို ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်ခန့်နေကြပါတယ်။

မနေ့ညပိုင်းကတော့ ရပ်ကွက် ၈၊ နယ်မြေ ၇၊ ရေပန်းလမ်းဆုံအောက်က FINE ပရိဘောဂဆိုင်နားမှာကွဲတာလို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

လူကတော့ အထိအခိုက်မရှိပေမယ့် ဘေးနားဝန်းကျင် တော်တော်လေး ထိခိုက် ပျက်စီးသွားတယ်လို့လည်း သူက ဆိုပါတယ်။

ဒေသခံတယောက်ကလည်း “ဖြစ်လာရင် မဆိုင်သူတွေပဲ ထိတာ။ လားရှိုးက လုံခြုံမှု မရှိတော့ဘူး။ ကြောက်နေရတာ။ ပိုက်ဆံရှိလို့ ဖြစ်နိုင်ရင် တခြားနေရာမှာပဲ သွားနေချင်တော့တယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက လားရှိုး CS ဟိုတယ်နားမှာ ဗုံးပေါက်ကွဲလို့ ၂ ယောက်သေဆုံး၊ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာလည်း လားရှိုးမြို့အထွက် မန္တလေးလမ်းဘက်က DENKO ပန့်ဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်လို့ လူအများအပြားထိခိုက်ဒဏ်ရာရသလို ကား၊ အဆောက်အဦနဲ့ တခြားပစ္စည်းတွေလည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဩဂုတ်လတုန်းကလည်း ၆ ရက်နေ့က Lashio Sunny Hotel မှာ တကြိမ်၊ ၂၉ ရက်နေ့က Luxury ကောင်တာနားမှာ တကြိမ် ပေါက်ကွဲပြီး လူထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၅ ရက်နေ့က လားရှိုး မြို့မဈေးထဲက ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲလို ၁ ယောက်သေ၊ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇွန် ၉ ရက်နေ့ညပိုင်းက Fully Light Hotel မှာ တကြိမ်၊ ၂၀ ရက်နေ့ည ၈ နာရီဝန်းကျင်က Golden Hill Hotel မှာ တကြိမ်၊ ၂၈ ရက်နေ့ ၇ နာရီခွဲ ကျော်ခန့်က ဖူလီလိုက် ဟိုတယ်အနီး တကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013