DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်ငလျင်ဘေး ထိခိုက်ပျက်စီး ပုံရိပ်များ  (Photo Essay)
DVB
·
October 14, 2023
အာဖဂန်နစ္စတန်ငလျင်ဘေး ထိခိုက်ပျက်စီး ပုံရိပ်များ  (Photo Essay)
1 / 16
Donate to DVB

အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် ၁၁ နာရီလောက်မှာ ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိတဲ့ ငလျင်တခု အာဖဂန်နစ္စတန်နိုင်ငံမှာ လှုပ်ခတ်ခဲ့ပြီးနောက်မှာတော့ နောက်ထပ် အားပြင်းတဲ့ ငလျင် ၈ ခု လှုပ်ခတ်ခဲ့ပါတယ်။

ဟေရတ်ပြည်နယ် မြို့တော်အနောက်မြောက်ဘက် မိုင် ၂၀ အကွာ သွားလာရခက်တဲ့ နေရာတွေကို လှုပ်ခါကာ ရွာ ၁၃ ရွာက အိမ်တွေပြိုကျခဲ့ပြီး အောက်တိုဘာ ၉ ရက်အထိ အာဖဂန် ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးတွေအောက်က အသက်ရှင် ကျန်ရစ်သူတွေနဲ့  ရုပ်အလောင်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

အဲဒီငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၂၄၀၀ ကျော် အထိရှိလာပြီး ဒဏ်ရာရသူဟာလည်း ၉၀၀၀ ကျော်ခဲ့ပြီလို့ တာလီဘန်အစိုးရက အောက်တိုဘာ ၉  ရက်မှာ အတည်ပြုထားသလို ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေက အချက်အလက်တွေ ရောက်လာချိန်မှာတော့ သေဆုံးသူဦးရေ အကြိမ်ကြိမ် မြင့်တက်လာပါတယ်။

ရူဘတ်ဆန်ဂီ၊ ဂိုဟ်ရီယန်၊ ခိုဆန်နဲ့ ဂူလ်ရန် ခရိုင်တွေအပါအဝင် ဟေရတ်ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အသစ် နှစ်ခုကြောင့် လူ ၈၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

လူ ၅၀,၀၀၀ လောက်သေဆုံးခဲ့တဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်တို့အပြီး အာဖဂန်ငလျင်ဟာလည်း လူသေဆုံးမှုများတဲ့ စာရင်း ဝင်လာပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း တောင်တန်းထူထပ်တဲ့ ဒီနိုင်ငံအတွက် လူအသေအပျောက် အများဆုံး ငလျင်ဖြစ်တယ်လို့ သိရပါတယ်။

တောင်တွေဝန်းရံရာ အာဖဂန်နစ္စတန်နိုင်ငံမှာ အင်အားပြင်းငလျင်တွေ ပေါ်ပေါက်တတ်တဲ့ သမိုင်းကြောင်းရှိပြီး ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဟိန္ဒူကွတ်ရှ်ဒေသမှာ အဖြစ်များလေ့ ရှိပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက ကျေးလက်ဒေသတွေမှာ နေအိမ်တွေဟာ ကောင်းကောင်း အခိုင်အခံ့ ဆောက်ထားလေ့ မရှိတာကြောင့် ငလျင်လှုပ်ပြီဆိုပါက ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်တတ်ပါတယ်။

ဒါ့အပြင် ဒီနိုင်ငံမှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် အခြေခံအဆောက်အအုံတွေဟာ ခိုင်ခံ့မှု မရှိတဲ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ စီစဉ်နိုင်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိနေပြီး ချာမန် ပြတ်ရွေ့ကြော၊ ဟာရီ ပြတ်ရွေ့ကြော၊ ဗဟို ဘာဒက်ခ်ရှန် ပြတ်ရွေ့ကြောနဲ့ ဒါဗက်ဇ် ပြတ်ရွေ့ကြောတွေအပါအဝင် ငလျင် ပြတ်ရွေ့ကြော အတော်များများ ပေါ်မှာတည်ရှိနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်ဒဏ်ကြောင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ညှိနှိုင်းကူညီရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် တနှစ်ကို ပျမ်းမျှ လူ ၅၆၀ လောက် သေဆုံးလေ့ ရှိပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013