DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးပါ ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
October 14, 2023
တနင်္သာရီတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးပါ ပြည်သူ ၃ ဦး ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကလေးငယ်ယောက်အပါအဝင် အရပ်သား ၃ ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ဝင်ဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်က အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းနဲ့ ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်ရင်းတွေကလယ်တောင်ယာရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လယ်တောင်ယာရွာမှာနေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အသက်ကြီးပိုင်း အမျိုးသားတဦးတို့ လက်နက်ကြီးထိမှန်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးတချို့မှာ လယ်တောင်ယာကျေးရွာအနီးမှာရှိတဲ့ တမုတ်ချုံကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဲဒီကျေးရွာရှိ အမျိုးသားတယောက်လည်း  လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံပြည်သူတဦးက “မနက်ပိုင်းကတည်းက ပစ်နေတာ။ ဒဏ်ရာစိုးရိမ်မှု ရှိနိုင်လားဆိုတာ အတိအကျတော့ မသိရဘူး။ လူနာ ၃ ဦးလုံးကို မြိတ်ဆေးရုံ တင်ဆောင်သွားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နေ့လယ် ၁ နာရီခွဲလောက်မှာလည်း စစ်ကောင်စီ အမတ ၅၅၇ တပ်ရင်းကနေ ဘန်လောကျေးရွာဘက်ကို လက်နက်ကြီးတွေ ထပ်မံပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက် ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ ဒဏ်ရာမစိုးရိမ်ရဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါနေ့ ည ၁၀ နာရီလောက်မှာလည်း မော်တုံးရွာအခြေစိုက် အမတ ၃၀၆ တပ်ကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး မော်တုံးရွာ အနောက်ကမ်းကို ၃ လုံးကျကာ ဘန်းလမွတ်ကျေးရွာထဲကို ၃ လုံး ကျရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က စစ်ကောင်စီတပ်ရင်းကို ကရင်အမျိုးသားတပ်မတော် KNLA တပ်ရင်း ၁၁ နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ မောင်းသူမဲ့ ဒရုန်းတွေနဲ့ ၂ ကြိမ်တိုင်တိုင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို ထိရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေမှာ အခုလို လက်နက်ကြီးတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဗောဓိကမ်းကျေးရွာက ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် ၂ ပါးမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013