DVB Logo
Home
အားကစား
တလတာအကောင်းဆုံးဆု စပါးနည်းပြနှင့် ကစားသမားများ ၂ လဆက်တိုက်ရ 
DVB
·
October 14, 2023
တလတာအကောင်းဆုံးဆု စပါးနည်းပြနှင့် ကစားသမားများ ၂ လဆက်တိုက်ရ 
Donate to DVB

ပရီးမီးယားလိဂ်က ချီးမြှင့်တဲ့ တလတာအကောင်းဆုံးဆုနဲ့ နည်းပြဆုတွေကို စပါးအသင်း နည်းပြ နဲ့ ကစားသမားတွေကပဲ ထပ်မံရရှိခဲ့ပါတယ်။

စက်တင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကို စပါးနည်းပြ ပေါ့စတီကိုဂလူက ရရှိခဲ့သလို ကစားသမားဆုကိုလည်း ဆွန်ဟောင်မင်ကရရှိခဲ့တာပါ။

စပါးအသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ အာဆင်နယ်နဲ့ပွဲမှာပဲ သရေကျခဲ့ပြီး ဘန်လေ၊ ရှက်ဖီး၊ လီဗာပူးနဲ့ လူတန်အသင်းတွေကို အနိုင်ရခဲ့တာပါ။

အဲဒီပွဲတွေမှာ ၆ ဂိုးသွင်းခဲ့တဲ့ ဆွန်ဟောင်မင်ဟာလည်း အကောင်းဆုံးရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ အတွက် အကောင်းဆုံးဆုတွေကိုလည်း စပါးနည်းပြ ပေါ့စတီကိုဂလူနဲ့ မက်ဒီဆန်တို့က ရရှိခဲ့တာပါ။

သြစတြေးလျနည်းပြ ပေါ့စတီကိုဂလူဟာ ပထမဆုံးနှစ်လတာကာလအတွင်းမှာပဲ အကောင်းဆုံးကို နှစ်လဆက် တိုက်ရရှိခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် စပါးအသင်းဟာလည်း တလတာအကောင်းဆုံးဆုကို နည်းပြကော၊ ကစားသမားပါ နှစ်လဆက်တိုက် ရရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013