
အာဆင်နယ်နည်းပြ အာတေတာက နာပိုလီ နဲ့ ချန်ပီယံလိဂ် ပွဲစဉ်အမီ အီတလီကို သွားရောက်ရာမှာ လေယာဉ်ခရီးစဉ် နောက်ကျခဲ့ပေမဲ့ ကြိုတင်ပြင်ဆင်ထားမှုတွေကြောင့် အခက်အခဲ မရှိခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
ခရီးစဉ် နောက်ကျတာ၊ စားသောက်ချိန် နောက်ကျတာ၊ အဝတ်လဲခန်း အပူချိန် တိုးထားတာမျိုး တွေကို ရာသီကြို ကာလတည်းက တမင် ဖန်တီးပြီး ကစားသမားတွေကို လေ့ကျင့်ပေးခဲ့ကြောင်း လည်း နည်းပြအာတေတာ က ပြောပါတယ်။
ဒါကြောင့် ခရီးစဉ် ကြန့်ကြာမှုတွေ ကြုံတွေ့ရချိန်မှာ အသင်းသားတွေ စိတ်ဓာတ်ကျမသွားဘဲ အလိုက်သင့် ပေါင်းစပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာတေတာဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ပြင်ဆင်မှုအတွက် ဆန်းသစ်ပြီး ထူးဆန်းတဲ့ နည်းလမ်း တွေကိုလည်း မကြာခဏ အသုံးပြုလေ့ ရှိပါတယ်။
Photo: Reuters











