
အာဆင်နယ်နည်းပြ အာတေတာဟာ အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းရဲ့ ခြေစွမ်းအတွက် အလွန်ကျေနပ်နေပါတယ်။
ခက်ခဲတဲ့တပတ်တာကို ဖြတ်သန်းခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီပွဲမှာ ကစားသမား ၅ ယောက်အထိ အပြောင်းအလဲလုပ်ကာ ပွဲထွက်ခဲ့တာပါ။
နည်းပြ အာတေတာကတော့ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အလွန်ဝမ်းမြောက်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်တို့ဟာ အဲဗာတန်ကို အနိုင်ယူနိုင်ခဲ့တာကြောင့် မန်စီးတီးနဲ့အမှတ်တူ ၂၁ မှတ်၊ ဂိုးကွားခြားချက်ကြောင့် ဒုတိယနေရာမှာ ဆက်လက်ရှိနေတာဖြစ်ပြီး ဒီနိုင်ပွဲအာဆင်နယ်အတွက် အမှတ်ပေးဇယား ထိပ်ဆုံးရောက်ဖို့ အရေးပါတဲ့ နိုင်ပွဲဖြစ်ပါတယ်။
နည်းပြအာတေတာဟာ ဒီပွဲမှာ နည်းပြဇုန်ကနေ ထွက်ခွာမှုအတွက် ရာသီအတွင်း ဒုတိယအကြိမ် အဝါကတ်ပြသခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်အပြီးမှာတော့ အာတေတာက တခြားနည်းပြတွေရဲ့ စည်းကမ်းချိုးဖောက်မှုတွေကို အထောက်အထားအဖြစ် ဗီဒီယိုမှတ်တမ်းတွေ စုဆောင်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။
အာတေတာက နည်းပြတချို့ဟာ မိနစ်ပိုင်းအတွင်းမှာတင် နည်းပြဇုန်ကနေ အကြိမ်ကြိမ် ထွက်ခွာလေ့ရှိပေမဲ့ အရေးယူခံရခြင်းမရှိကြောင်း ဝေဖန်ခဲ့ပါတယ်။
သူဟာ ဒီအထောက်အထားတွေကို အသုံးပြုဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဘယ်သူက စံချိန်တင်ထားသလဲ ဆိုတာကိုလည်း စောင့်ကြည့်နေတာပါ။
လက်ရှိမှာတော့ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ နည်းပြဇုန်ပြင်ပမှာ အချိန်အများဆုံး ကုန်ဆုံးသူအဖြစ် သတင်းတွေ ထွက်ပေါ်နေပါတယ်။











