
အာဆင်နယ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား မက်စ်ဒေါင်းမန်းအနေနဲ့ ပထမအသင်းကစားသမားတွေလိုပဲ သတ်မှတ်စံနှုန်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း နည်းပြ မီခေးလ်အာတေတာက သတိပေးပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကာရာဘောင်ဖလားပွဲစဉ်မှာ ဖလိဝုဒ်တောင်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကို တုံ့ပြန်ခဲ့လို့ ဒေါင်းမန်းဟာ အနီကတ်ပြခံခဲ့ရပြီး ၃ ပွဲပယ် ပြစ်ဒဏ် ကျခံရမှာပါ။
ပွဲမတိုင်ခင်ကတည်းက ရန်စမှုတွေကို ထိန်းချုပ်ဖို့ သူ့အနေနဲ့ သတိပေးထားပေမဲ့ အခုလို တုံ့ပြန်ခဲ့တာဖြစ်ပြီး၊ လက်ရှိအခြေအနေဟာ ဒစ်စနေလန်းလို စိတ်ကူးယဉ်ကမ္ဘာထဲမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်အဆင့်ဖြစ်လို့ အားလုံးနဲ့တန်းတူ မျှတစွာ တောင်းဆိုသွားမယ်လို့ အာတေတာက ထောက်ပြပါတယ်။
ဒီအနီကတ်ပြစ်ဒဏ်အတွက် အာဆင်နယ်အသင်းက အယူခံဝင်ခဲ့ပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ပယ်ချခဲ့တဲ့အပေါ် အာတေတာက စိတ်ပျက်မိကြောင်းနဲ့ ပြိုင်ဘက်ရဲ့ ကြမ်းတမ်းမှုကြောင့် လူငယ်ကစားသမား ခြေထောက်မကျိုးတာ ကံကောင်းတယ်လို့ ဆိုပါတယ်။
Photo:Reuters











