
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အတွေ့အကြုံရင့် လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြတဲ့ ဘန်ချီးဝဲလ်နဲ့ ကွင်တန်တင်းဘာတို့ကို အပြီးသတ်စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပါတယ်။
အင်္ဂလန် နောက်ခံလူ ချီးဝဲလ်ဟာ စထရက်ဘဝဂ်အသင်းကနေ ပဲလေ့စ်အသင်းဆီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ တင်းဘာကတော့ မာဆေးအသင်းကနေ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ပဲလေ့စ်အသင်းဟာ မစ်ဂျဲလန်းအသင်းက ချီလီ တောင်ပံကစားသမား ဒါရီယိုအိုဆိုရီယိုကိုလည်း တရာသီ အငှားစာချုပ်နဲ့ ထပ်မံ ခေါ်ယူနိုင်ခဲ့ပါတယ်။
အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းချိန် လွန်သွားခဲ့ပေမဲ့ အပြောင်းအရွေ့ စာချုပ် စာရွက်စာတမ်းတွေ ကြိုတင် တင်သွင်းထားနိုင်ခဲ့တာကြောင့် အခုလို ခေါ်ယူမှုတွေကို အပြီးသတ် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။











