DVB Logo
Home
အားကစား
၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းတွက် စီရော်နယ်ဒို ဦးဆောင်
DVB
·
October 14, 2023
၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းတွက် စီရော်နယ်ဒို ဦးဆောင်
Donate to DVB

၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော် နယ်ဒိုက ဦးဆောင်ခဲ့ပါတယ်။

ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းကို Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ စီရော်နယ်ဒိုက နံပါတ်တစ်နေရာမှာရပ် တည်ခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာကစားနေတဲ့ ရော်နယ်ဒိုဟာ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရှိခဲ့တာပါ။

ကန်ဒေါ်လာသန်း ၆၀ က ကွင်းပြင်ပကနေ ရရှိတဲ့ဝင်ငွေဖြစ် ပါတယ်။ ဒုတိယနေရာမှာ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက ကန်ဒေါ်လာ ၁၃၅ သန်းနဲ့ ရပ်တည်နေပြီး နံပါတ်တစ်နေရာက ရော်နယ်ဒိုနဲ့ ဝင်ငွေထက်ဝက်နီးပါး ကွာဟပါတယ်။

မက်ဆီဟာ လုပ်ခလစာနဲ့ ဆုကြေးတွေကနေ ကန်ဒေါ်လာ ၆၅ သန်းရရှိပြီး ကွင်းပြင်ပကြေညာနဲ့ စီးပွားရေးစပွန်ဆာတွေကနေ ကန်ဒေါ်လာသန်း ၇၀ ရရှိခဲ့တာပါ။

တတိယနေရာမှာ ဘရာဇီးတိုက်စစ်မှူးနေမာက ဒေါ်လာ ၁၁၂ သန်း၊ စတုတ္ထနေရာမှာ ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေက ဒေါ်လာသန်း၁၁၀ နဲ့ အစဉ်လိုက်ရပ်တည်ပါတယ်။

အဲဒီနောက်မှာ  ဘင်ဇီမာ၊ ဟာလန်း၊ မိုဆာလာ၊ မာနေး၊ ဒီဘရိုင်းနားနဲ့ ဟယ်ရီကိန်းတို့က ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013