DVB Logo
Home
နိုင်ငံတကာ
ငလျင်ဒဏ်ခံခဲ့ရသည့် အာဖဂန်နစ္စတန်တွင် ‌ဒေသခံများ လမ်းဘေးတွင် တဲထိုးနေထိုင်ရ
DVB
·
October 13, 2023
ငလျင်ဒဏ်ခံခဲ့ရသည့် အာဖဂန်နစ္စတန်တွင် ‌ဒေသခံများ လမ်းဘေးတွင် တဲထိုးနေထိုင်ရ
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငလျင်လှုပ်ခတ်ပြီးနောက်မှာ လူသေဆုံးမှုများပြားခဲ့ပြီး ထောင်နဲ့ချီတဲ့ အာဖဂန်လူမျိုးတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရလို့ အခုတော့ လမ်းမတွေပေါ်မှာ ရွက်ဖျင်တဲတွေထိုးပြီး နေထိုင်နေကြရပါတယ်။

နိုင်ငံအနောက်ပိုင်း ဟေရတ်ပြည်နယ်မှာ အောက်တိုဘာ ၇ ရက် စနေနေ့နဲ့ အောက်တိုဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့တို့မှာ ငလျင်အများအပြား လှုပ်ခတ်ခဲ့ပြီး ရွာတွေဟာ အလုံးစုံ ပျက်စီးခဲ့တာပါ။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေအုပ်ချုပ်တဲ့ အစိုးရရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သေဆုံးသူ ၂,၄၀၀ ကျော်ရှိသွားပြီလို့ ထုတ်ပြန်ခဲ့ပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ၁,၀၀၀ ကျော်လောက်ပဲ အတည်ပြုထားတာကြောင့် သေဆုံးသူ အရေအတွက် ကိန်းဂဏန်းတွေ ကွဲလွဲနေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံးက သေဆုံးသူ ၁,၂၉၄ ဦး ရှိတယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ပေမဲ့ အဲဒီအရေအတွက်ဟာ ခရိုင်တခုတည်းက သေဆုံးသူတွေ ဖြစ်ကြပါတယ်။

ငလျင်လှုပ်ခတ်မှုအပြီးမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူထောင်ပေါင်းများစွာကို အရေးပေါ် အကူအညီပေးဖို့ ဒေသအာဏာပိုင်တွေက ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ကြတာကြောင့် အကူအညီပေးရေး အေဂျင်စီတွေဟာ ငလျင်ဘေးဒဏ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ရန်ပုံငွေတောင်းဆိုချက်အသစ်တွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ နိုင်ငံခြားအကူအညီကို ကာလရှည်ကြာ မှီခိုနေရတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ သိမ်းပိုက်ပြီးကတည်းက နိုင်ငံခြားအကူအညီတွေ ခန်းခြောက်သွားတဲ့ စစ်ဘေးဒဏ်ခံနိုင်ငံလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013