DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် မလေးရှားနိုင်ငံဘက် ရွှေ့ပြောင်းခဲ့သည့် ချင်းလူမျိုး ၁၀၀၀၀ နီးပါးရှိလာ
DVB
·
October 13, 2023
အာဏာသိမ်းပြီးနောက် မလေးရှားနိုင်ငံဘက် ရွှေ့ပြောင်းခဲ့သည့် ချင်းလူမျိုး ၁၀၀၀၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှားနိုင်ငံဘက်ကို ရွေ့ပြောင်းခိုလှုံခဲ့ကြတဲ့ ချင်းတိုင်းရင်းသားလူမျိုး ၁၀၀၀၀ နီးပါးရှိပြီလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရာလမ်းကြောင်းမှာ ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာ အသုံးပြုနေပြီး ဒေသတွင်းကပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို ပြောင်းရွေ့နေထိုင်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ချင်းလူမျိုးတွေဟာ မလေးရှားနိုင်ငံကို တရားဝင်လမ်းကြောင်းအပြင် ထိုင်းနိုင်ငံဘက်ကတဆင့် တရားမဝင်လမ်းကြောင်းကလည်း သွားရောက်နေထိုင်အလုပ်လုပ်ကိုင်ကြတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံဘက်ကို ရွေ့ပြောင်းကြတဲ့ ချင်းလူမျိုးတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ဝန်းကျင် လူငယ်တွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရောက် ချင်းလူမျိုးတွေအရေး ကူညီပေးနေသူတစ်ဦးက “နိုင်ငံရေးအပြောင်းအလဲကြောင့်ပေါ့နော် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခက်အခဲအမျိုးကြောင့် မြန်မာနိုင်ငံသားတွေက ရေကြည်ရာမျက်နုရာလာကြတာပေါ့ အခုနှစ်ပိုင်းမှာတော့ မလေးရှားကိုဝင်လာတယ့် ချင်းလူမျိုးအရေအတွက်က တစ်နေ့တစ်ခြားပိုများလာပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ နည်းမျိုးစုံနှိပ်စက်မှုများကြောင့် ချင်းပြည်သူတွေဟာ ပြည်ပနိုင်ငံတွေကို စစ်ဘေးဒုက္ခသည်အဖြစ် ရွေ့ပြောင်းနေထိုင်ကြရပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ၆၀၀၀၀ ကျော်၊ နယူးဒေလီမြို့နဲ့ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်အသီးသီးမှာ နေထိုင်ကြရတယ့် ချင်းလူမျိုး ၁၀၀၀၀ ကျော်ရှိပါတယ်။

Photo- မလေးရှားနိုင်ငံ မြန်မာသံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013