DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူတွေဘက်က ဘယ်တော့ရပ်တည်မှာလဲဟု ကုလသမဂ္ဂကို မစ္စယန်ဟီးလီ ပြော
DVB
·
October 13, 2023
မြန်မာပြည်သူတွေဘက်က ဘယ်တော့ရပ်တည်မှာလဲဟု ကုလသမဂ္ဂကို မစ္စယန်ဟီးလီ ပြော
Donate to DVB

မြန်မာစစ်တပ်ဟာ အားအနည်းဆုံးသူတွေကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေပေမဲ့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ စစ်တပ်ကို ပြစ်မှုကျူးလွန်သူအဖြစ် ထုတ်ဖော်မပြောနိုင်ကြသေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ဝင် မစ္စယန်ဟီးလီက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေဘက်က ဘယ်တော့မှ ရပ်တည်မှာလဲဆိုပြီး သူက မေးခွန်းထုတ်လိုက်ပါတယ်။

လူပေါင်း ၂၉ ယောက် သေဆုံးခဲ့ရတဲ့ ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအတွက် မြန်မာစစ်ကောင်စီကို ပြတ်ပြတ်သားသား အရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အောက်တိုဘာ ၁၂ ရက်က တိုက်တွန်းထုတ်ပြန်ရာမှာ မစ္စယန်ဟီးလီက ထည့်သွင်းပြောဆိုထားတာပါ။

အထူးအကြံပေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ခရစ်ဆီဒိုတီကလည်း မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ မြန်မာပြည်သူတွေအပေါ် အကာအကွယ်ပေးဖို့ နိုင်ငံတကာပျက်ကွက်မှု ရလဒ်ပဲဖြစ်ပြီး မြန်မာစစ်တပ်အပေါ် ခိုင်မာတဲ့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်တာပဲလို့လည်း ဝေဖန်ပါတယ်။

စစ်ဘက်ရေးရာပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ကချင်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို CRPH၊ NUG၊ NLD၊ KNU၊ DPNS အပါအဝင် ပြည်တွင်းက အဖွဲ့အစည်းတွေသာမက ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ် စတဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

စစ်ကောင်စီကတော့ ဒီဖြစ်ရပ်ဟာ သူတို့ရဲ့လက်ချက်မဟုတ်တဲ့ အကြောင်းနဲ့ သိုလှောင်ထားတဲ့ ယမ်းတွေ ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013