DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၃၀၀ ကျော် ကျဆုံး
DVB
·
October 12, 2023
ချင်းပြည်နယ် တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၃၀၀ ကျော် ကျဆုံး
1 / 2
Donate to DVB

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ရဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးသမား  ၃၁၁ ဦး ကျဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ တိုက်ပွဲပေါင်း ၇၅၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေမှာ ကျဆုံးတဲ့ ချင်းတော်လှန်ရေးသမား ၃၁၁ ဦးရှိပြီး အမျိုးသား ၂၉၆ ဦးနဲ့ အမျိုးသမီး ၁၅ ဦး ပါဝင်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ချင်းတော်လှန်ရေးသမား ကျဆုံးမှုတွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၃ ဦး၊ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ၁၁ ဦး၊ သက်သေဖျောက်တဲ့အနေနဲ့ အလောင်းကို မီးရှို့ဖျက်ဆီးတာကြောင့် ၉ ဦး၊ ဒဏ်ရာရရှိပြီးနောက် ဆေးဝါးကုသခွင့် မရရှိတာကြောင့် ၁၈ ဦး၊ စစ်ကောင်စီနဲ့ ‌ဒေသခံ ချင်းအမျိုးသား ကာကွယ်ရေးတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ၂၃၅ ဦး ကျဆုံးခဲ့ပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် တာဝန်ရှိသူ ဆလိုင်းဗန်ဆွီးဆန်က  “တိုက်ပွဲတွေဖြစ်ပွားမှု အကြိမ်ရေ၊ တော်လှန်ရေးရဲဘော် ကျဆုံးမှုနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်က အင်တာနက်လိုင်း မရတဲ့အတွက် သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံထားတယ်။ မြေပြင်သတင်းကို အခြေခံပြီး ဒေသခံတွေကို ဆက်သွယ် အတည်ပြုရပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ မသက်ဆိုင်ဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုကြောင့် သာမန် အရပ်သားပြည်သူ ၂၁၇ ဦးအထိ သေဆုံးခဲ့တယ်လို့ ICA ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013