DVB Logo
Home
မြန်မာသတင်း
မရာနယ်မြေရှိ ကျေးရွာအမည်များကို မရာဘာသာစကားဖြင့် ပြောင်းလဲမည်
DVB
·
October 12, 2023
မရာနယ်မြေရှိ ကျေးရွာအမည်များကို မရာဘာသာစကားဖြင့် ပြောင်းလဲမည်
Donate to DVB

ချင်းပြည်နယ်၊ ကြားကာလ မရာနယ်ကောင်စီလက်အောက်မှာရှိတဲ့ ကျေးရွာတွေရဲ့ အမည်တွေကို မရာဘာသာစကားနဲ့ ကိုက်ညီအောင် ပြောင်းလဲသွားမယ်လို့ ကြားကာလ မရာနယ်ကောင်စီက အောက်တိုဘာလ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မရာနယ်မြေအတွင်းက ကျေးရွာပေါင်း ၆၃ ရွာရဲ့ အမည်တွေကို မရာစာ၊ အသံ၊ စကားနဲ့ ကိုက်ညီအောင် ပြောင်းလဲမယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျေးရွာပြည်သူတွေရဲ့ သဘောထားနဲ့ ပြောင်းလဲမယ့် ကျေးရွာတွေရဲ့ အမည်ကို ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး ကြားကာလ မရာနယ်ကောင်စီကို တင်ပြရမှာ ဖြစ်ပါတယ်။

ပြောင်းလဲမယ့် ရွာအမည်တွေကိုတော့ ချင်းပြည်ကောင်စီ ဖွဲ့စည်းပြီးချိန်မှာ စိစစ်ပြီး တင်ပြသွားမှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးဌာနမှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။

ကြားကာလ မရာနယ်ကောင်စီ တာဝန်ရှိသူက “ကျေးရွာအမည်တွေက စနစ်တကျမဖြစ်ဘူး။ အဲ့ဒါကြောင့် မရာမျိုးနွယ်တွေနေတဲ့ ကျေးရွာတွေကို ပြည်သူတွေက မရာစာ၊ မရာအသံ၊ မရာစကားနဲ့ပဲ ခေါ်ချင်ကြတယ်။ အဲ့ဒါကြောင့် ကျေးရွာအမည်တွေကို ပြောင်းလဲမှာဖြစ်တယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်အတွင်းရှိ မရာနယ်မြေတွေကို ကြားကာလ မရာနယ်ကောင်စီမှာ ဖွဲ့စည်းထားပြီး မရာလူမျိုး ၂၄,၈၀၀ နီးပါး နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013