DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် နောက်ဆက်တွဲငလျင်များကြောင့် လူအချို့ ထပ်မံ ထိခိုက်သေဆုံး
DVB
·
October 12, 2023
အာဖဂန်နစ္စတန်တွင် နောက်ဆက်တွဲငလျင်များကြောင့် လူအချို့ ထပ်မံ ထိခိုက်သေဆုံး
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟေရတ်ပြည်နယ်မှာ အောက်တိုဘာ ၁၁ ရက်က ထပ်မံ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘာသာရေးအရ ရှေးရိုးစွဲတဲ့နိုင်ငံမှာ ပြီးခဲ့တဲ့ စနေနေ့ကတည်းက လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့ အင်အားပြင်းငလျင် ၂ ခုနဲ့ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။

ဒီနောက် မနေ့မနက် ၅ နာရီ ၁၁ မိနစ်မှာလည်း ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိတဲ့ ငလျင်တခုနဲ့ ပြင်းအား ၅ အဆင့်ရှိတဲ့ နောက်ဆက်တွဲ မြေငလျင်တခု ထပ်ပြီးလှုပ်ခတ်ခဲ့တာကြောင့် အသက်သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရူဘတ်ဆန်ဂီ၊ ဂိုဟ်ရီယန်၊ ခိုဆန်နဲ့ ဂူလ်ရန် ခရိုင်တွေ အပါအဝင် ဟေရတ်ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အသစ်နှစ်ခုကြောင့် လူ ၈၀ လောက် ဒဏ်ရာရရှိခဲ့ကြောင်း အစောပိုင်းသတင်းတွေအရ သိရပါတယ်။

ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ မနေ့က အင်အားပြင်း ငလျင်အသစ်တွေ လှုပ်ခတ်ပြီးနောက်မှာ အာဏာပိုင်တွေဟာ စနေနေ့ ငလျင်တွေလှုပ်ပြီးကတည်းက ဘေးသင့်နေရာတွေမှာ ရှိထားပြီးသား ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို တာဝန်ပြန်ချထားပေးခဲ့ပါတယ်။

အသေအပျောက် အသေးစိတ်အချက်အလက်တွေကို အခုချိန်ထိ မသိရှိရသေးကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပြောရေးဆိုခွင့်ရှိသူ ဂျာနန်ဆာယိခ်က ရိုက်တာသတင်းကို ပြောပါတယ်။

ဟေရတ်ပြည်နယ် တာဝန်ရှိသူတွေကတော့ ရာနဲ့ချီတဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ တချို့ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားရှိတယ်လို့ ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်တွေတော့ မပေးခဲ့ပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဆက်သွယ်ရေးအကြီးအကဲ ဖိလစ်ခေါ့ဖ်ကတော့ ငလျင်လှုပ်ခတ်မှုတွေကို ဘေးအန္တရာယ်ပေါ်က ထပ်ဆင့်ဒုက္ခတွေလို့ ပြောဆိုပါတယ်။

WFP ဟာ ဟီရတ်ပြည်နယ်မှာ စားနပ်ရိက္ခာတွေကို စတင်ဝေငှပေးနေပြီး အစပိုင်းမှာတော့ မိသားစုဝင် ၇ ဦးစီအတွက် တနေ့ကို ကီလိုရီ ၂၁၀၀ နဲ့ တလစာ ထောက်ပံ့ပေးပါတယ်။

အာဟာရချို့တဲ့မှုကို တိုက်ဖျက်ဖို့အတွက်လည်း အာဟာရစွမ်းအင်မြင့်မားတဲ့ ဘီစကွတ်တွေနဲ့ အထူးပြုလုပ်ထားတဲ့ မြေပဲထောပတ်ကို ဖြန့်ဖြူးပေးပါတယ်။

လာမယ့်ရက်သတ္တပတ်တွေမှာ ငွေသားလို တခြားအကူအညီပုံစံတွေကို ထည့်သွင်းစဉ်းစားနိုင်မယ်လို့ WFP အကြီးအကဲက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013