DVB Logo
Home
နိုင်ငံတကာ
ဓားစာခံအားလုံး ပြန်လွှတ်ပေးရန် ဟားမတ်စ်ကို ပုပ်ရဟန်းမင်းကြီး တောင်းဆို
DVB
·
October 12, 2023
ဓားစာခံအားလုံး ပြန်လွှတ်ပေးရန် ဟားမတ်စ်ကို ပုပ်ရဟန်းမင်းကြီး တောင်းဆို
Donate to DVB

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုအတွင်း ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို အောက်တိုဘာ ၁၁ ရက်က တောင်းဆိုခဲ့ပါတယ်။

“အစ္စရေးနဲ့ ပါလက်စတိုင်းမှာ အဖြစ်အပျက်တွေကြောင့် လူပေါင်းများစွာ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာကို နာကျင်စွာနဲ့ စိုးရိမ်ပူပန်ရကြောင်း၊ ပျော်ပွဲရွှင်ပွဲနေ့ကို ဝမ်းနည်းစရာနေ့အဖြစ် ပြောင်းလဲသွားရတဲ့ မိသားစုတွေအတွက် ဆုတောင်းပေးပြီးတော့ ဓားစာခံတွေ အားလုံးကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုကြောင်း” ပုပ် ဖရန်စစ်က မိန့်ကြားပါတယ်။

သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့က တိုက်ခိုက်ခံရတဲ့သူတွေရဲ့ အခွင့်အရေး ဖြစ်ပေမဲ့ အပြစ်မဲ့ ဒုက္ခသည်တွေ အများကြီးရှိနေတဲ့ ပါလက်စတိုင်းတွေနေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသမှာ အလုံးစုံ ပိတ်ဆို့ခံရမှုအပေါ် အရမ်းစိုးရိမ်မိကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ပဋိပက္ခအတွက် အဖြေရှာရာမှာ အထောက်အကူ မဖြစ်ပေမဲ့ မုန်းတီးမှု၊ အကြမ်းဖက်မှုနဲ့ ကလဲ့စားချေမှုတို့ကနေ လောင်ကျွမ်းစေပြီး အချင်းချင်း ဒုက္ခရောက်စေရုံသာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ဆိုပါတယ်။

အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကို မလိုအပ်ဘဲ ငြိမ်းချမ်းရေးကိုသာ လိုအပ်နေတာဖြစ်ကြောင်း  မိန့်သွားပါတယ်။

အစ္စရေးဟာ ပုပ်ရဟန်းမင်းကြီးနဲ့ ဗာတီကန် တာဝန်ရှိသူတွေရဲ့ အစောပိုင်း ထုတ်ပြန်ချက်တွေက သိပ်ကိုကြောက်နေပုံရတယ်လို့ ရှုမြင်ခဲ့ပြီးနောက် အစ္စရေးရဲ့ သံတမန်ရေးအရ ဖိအားပေးမှုကြောင့် ပုပ်ရဟန်းမင်းကြီးဟာ အစ္စရေးမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013