
အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်မှာ တိုက်စစ်မှူးမက်ဆီအနေနဲ့ တခြားလိဂ်ဆီ အငှားထွက် ကစားမှာမဟုတ်ဘူးလို့ သိရပါတယ်။
မိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ရှုံးပွဲ ထပ်တွေ့ခဲ့ပြီးနောက် မေဂျာလိဂ်ချန်ပီယံရှစ်ရဲ့ ပလေးအော့ဖ်အဆင့်ကို ဆက်ပြီးကစားခွင့်မရဖို့ သေချာသွားခဲ့တာပါ။
အောက်တိုဘာ ၂၁ ရက်အထိ နောက်ထပ် နှစ်ပွဲသာ ကစားပြီးနောက် ပြိုင်ပွဲပြီးဆုံးသွားမှာပါ။
အဲဒီနောက် မက်ဆီအနေနဲ့ တစ်လလောက် အားလပ်ရက်ရရှိမှာဖြစ်ပြီး ဆော်ဒီလိဂ် အပါအဝင် တခြားလိဂ်တစ်ခုခုမှာ အငှားထွက်ကစားဖို့ မရှိကြောင်း စပိန်ဘောလုံးကျွမ်းကျင်သူ ဘဲလက်ဂေး က ပြောပါတယ်။
မိုင်ယာမီအသင်းနည်းပြ မာတီနိုကတော့ မက်ဆီ အငှားထွက်ကစားနိုင်မလားဆိုတာ မသိပေမဲ့ ဘာစီလိုနာဆီ ပြန်ပြီး အားလပ်ရက်ခရီးထွက်ဖို့ကတော့ ဖြစ်နိုင်ကြောင်း ပြောထားပါတယ်။
လာမယ့် ရာသီမေဂျာလိဂ်ပြိုင်ပွဲအတွက် ရာသီကြိုလေ့ကျင့်မှုတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်မှာ ဖြစ်ပါတယ်။
Photo-Reuters










