DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ၌ ကိုးလအတွင်း တိုက်ပွဲ ၃၅၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၃၈၀၀ ကျော် သေဆုံး
DVB
·
October 12, 2023
ကေအန်ယူနယ်မြေ၌ ကိုးလအတွင်း တိုက်ပွဲ ၃၅၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၃၈၀၀ ကျော် သေဆုံး
Donate to DVB

အခုနှစ် ၂၀၂၃ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ၉ လတာအတွင်း ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူ နယ်မြေတွေထဲမှာ တိုက်ပွဲအကြိမ်ရေ ၃၅၇၀ ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က အရာရှိအရာခံတွေ အပါအဝင် ၃,၈၆၅ ယောက် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကတော့ ၂,၂၆၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ၁၁၂ ယောက် ကျဆုံးခဲ့ပြီး ၃၉၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ် ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော်ပမာဏဖြစ်တဲ့ အယောက်   ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013