
အစ္စရေးကို ဟားမတ်စ်တွေရဲ့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း နယ်မြေတွေကို ပေးနေတဲ့ ငွေကြေးအကူအညီ ရပ်ဆိုင်းလိုက်ကြောင်း သြစတြီးယား အဓိပတိက အောက်တိုဘာ ၁၀ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
သြစတြီးယား အဓိပတိ ကားလ်နေဟမ်မာက သူ့ရဲ့ တူရကီခရီးစဉ်အတွင်း တူရကီသမ္မတ အာဒိုဂန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
သြစတြီးယားသမ္မတနိုင်ငံဟာ အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အရေအတွက် များလွန်းတဲ့ ဓားစာခံတွေ သူတို့မိသားစုတွေဆီ ဘေးကင်းကင်းနဲ့ သေသေချာချာ ပြန်ရောက်ရှိသွားအောင် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နေဟမ်မာက ပြောပါတယ်။
ဓားစာခံတွေ ပြန်ပေးဆွဲခံရမှုမှာ သြစတြီးယားနိုင်ငံသား ၃ ဦးလည်း ထိခိုက်မှု ရှိ မရှိကို လောလောဆယ် မသိရသေးတာကြောင့် ဩစတြီးယားကိုလည်း ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။
သြစတြီးယားက ပေးပို့နေတဲ့ ငွေကြေးတွေကို အကြမ်းဖက် ရည်ရွယ်ချက်တွေအတွက် သုံးစွဲနေတယ်ဆိုတဲ့ ညွှန်ပြချက်တွေ အများကြီး ရှိနေခဲ့တာကြောင့်လည်း ခုလို ငွေကြေးအကူအညီ ရပ်ဆိုင်းမှာဖြစ်ပြီး ဘဏ္ဍာရေးအကူအညီပေးတဲ့ နည်းလမ်းကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့လည်း နေဟမ်မာက ပြောပါတယ်။
ပါလက်စတိုင်းတွေရဲ့ ဒုက္ခတွေကို သက်သာရာရစေဖို့အတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့အစည်းတွေဟာ အခုခါ ပါလက်စတိုင်းပြည်သူတွေကို အများကြီးဒုက္ခပေးနေတဲ့ ဟားမတ်စ်တွေရဲ့ ဓားစာခံတွေ ဖြစ်နေတယ်လို့လည်း အဓိပတိ နေဟမ်မာက ပြောပါတယ်။
ဥရောပကော်မရှင်ဟာ အဲဒီလို အကူအညီအားလုံးကို ဆိုင်းငံ့ထားကြောင်း ကြေညာချက်အပေါ် စောင့်ကြည့်နေပြီး နောက်တရက်အကြာမှာ ပါလက်စတိုင်းတွေကို အကူအညီတွေ ဆက်ပေး မပေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အဖွဲ့ဝင် ၂၇ နိုင်ငံကြား သဘောထားကွဲလွဲမှုတွေကို ထုတ်ဖော်ဖို့ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။
Source/Photo-Reuters










