DVB Logo
Home
နိုင်ငံတကာ
ဆက်ဒမ်ဟူစိန်၏နန်းတော်၌ ရှေးဟောင်းပစ္စည်းနှင့် သမိုင်းအမွေအနှစ် စာကြည့်တိုက်သစ် ဖွင့်လှစ်
DVB
·
October 11, 2023
ဆက်ဒမ်ဟူစိန်၏နန်းတော်၌ ရှေးဟောင်းပစ္စည်းနှင့် သမိုင်းအမွေအနှစ် စာကြည့်တိုက်သစ် ဖွင့်လှစ်
Donate to DVB

အီရတ်နိုင်ငံ၊ ဘာဆရာခရိုင်၊ ဘာဆရာမြို့က အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ရဲ့ နန်းတော်ထဲမှာ ရှေးဟောင်းပစ္စည်းနဲ့ သမိုင်းအမွေအနှစ်ဆိုင်ရာ စာကြည့်တိုက်ကို ဖွင့်လှစ်ခဲ့ပြီး အီရတ်နိုင်ငံရဲ့ ရှေးဟောင်း အထိမ်းအမှတ်တွေနဲ့ သုတေသနစာအုပ်စာတန်းတွေ၊ လက်ရေးစာမူ အများအပြားကို စုဆောင်းထား ရှိပေးထားပါတယ်။

ပညာရပ်ဆိုင်ရာအတိုင်ပင်ခံစာရေးဆရာ အိုစမာဆစ်ဒစ်က “ဒီစာကြည့်တိုက်ကိုတွေ့ရတာ အရမ်းကောင်းပါတယ်။ စာအုပ်စာတန်းအများကြီးကို ခုလို တစုတစည်းထဲ ထားရှိနိုင်မှုက အံ့ဩစရာပါဘဲ။ နောက်ပြီးတော့ ဒီမှာဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားတဲ့ တကယ်ကို အရေးကြီးတဲ့ အရေးအသားတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့ကိုယ်တိုင်က ပညာရှင်တယောက် ဖြစ်လို့မို့ ဒီကိုလာရတာ တကယ်ကောင်းတဲ့ အတွေ့အကြုံ တစ်ခုပါ။ နောက်ပြီးတော့လည်း ဒီစာကြည့်တိုက်က ဒီထက်မက ကြီးပွားတိုးတက်ဖို့ မျှော်လင့်ပါတယ်။ အီရတ်နိုင်ငံ ရှေးဟောင်း သမိုင်းကို လေ့လာနေတဲ့ လူတော်တော် များများက ဒီကနေ အများကြီးအကျိုးရှိတာတွေ ရရှိနိုင်မှာ သေချာပါတယ်”လို့ ပြောပါတယ်။

ပညာရပ်ဆိုင်ရာ ရှေးဟောင်းသုတေသနဆိုင်ရာ စာပေနဲ့ အရင်းအမြစ် အချက်အလက်တွေ ပါဝင်တဲ့ စာကြည့်တိုက်အသစ်ကို ဘာဆရာယဉ်ကျေးမှု ပြတိုက်မှာ ဖွင့်လှစ်ထားပါတယ်။

ဘာဆရာခရိုင် ရှေးဟောင်းပစ္စည်းနဲ့ သမိုင်းအမွေအနှစ်ဆိုင်ရာဒါရိုက်တာ မူစတာဖာအယ်လ်ဟူဆီနီက “ ဘာဆရာခရိုင်နယ်မြေမှာ ပထမဆုံးဖွင့်လှစ်နိုင်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ စာကြည့်တိုက် ဖြစ်ပါတယ်။ ရှေးဟောင်း အသုံးအဆောင်ပစ္စည်းတွေနဲ့ သမိုင်းအမွေအနှစ်တွေအကြောင်းကို အသေးစိတ် ဆွေးနွေးရေးသားထားတဲ့ စာအုပ်စာတမ်း အများကြီးပါဝင်ပါတယ်။ ဒီစာအုပ်တွေထဲမှာ နိုင်ငံခြားထုတ်နဲ့အီရတ်ရှေးဟောင်း တူးဖေါ်ရေးလုပ်ငန်းက ထုတ်ဝေထားတဲ့ ရှားပါးစာအုပ်တွေ ပါရှိတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀နဲ့ ၁၀၀ လောက်က အီရတ်တနိုင်ငံလုံးက ရှေးဟောင်းသုတေသနနေရာတွေမှာ တူးဖေါ် လုပ်ဆောင်ခဲ့တာကနေတွေ့ရှိလာတဲ့ ရှေးဟောင်းအီရတ်သမိုင်းဆိုင်ရာ သူတို့ရဲ့အမြင်တွေ၊ အကြံပြုချက်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖေါ်ထုတ်ရေးသားထားတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီစာကြည့်တိုက်ဟာ အီရတ်တောင်ပိုင်းနေ မြို့သူမြို့သားတွေအတွက် ပထမဆုံး ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ရှေးခေတ် အီရတ်နိုင်ငံ သမိုင်းကာလတွေတင်သာမကဘဲ ဆူမာရီယန်းနဲ့ ဘေဘီလုံခေတ်တွေ အထိကို စုဆောင်းပြသထားတာဖြစ်တယ်လို့ ဟူဆီနီက ဆိုပါတယ်။

ဘာဆရာတက္ကသိုလ်စာပေဆိုင်ရာဌာနပါမောက္ခ ဒေါက်တာအဒဲလ်ဟာရှင်မ်က “ရှေးခေတ်အီရတ်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဲ့ အရေးအကြီးဆုံး အပိုင်းကတော့ ကျူနီဖောင်း စာသားတွေပါပဲ။ ကျူနီဖောင်းစာသားတွေက ရှေးဟောင်းအီရတ်စာပေ အရေးအသားသမိုင်းရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်ပြီး ဆူမားရီးယန်း၊ ဘေဘီလိုးနီးယန်း၊ ဒါမှမဟုတ် အဆီးရီးယန်း ခေတ်ကလား ဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်။ အရင်တုန်းကတော့ ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ အမျိုးသားပြတိုက်ထဲက စာကြည့်တိုက်၊ ဘဂ္ဂဒက်တက္ကသိုလ်ထဲက ရှေးဟောင်း သုတေသနဌာနနဲ့ စာပေဌာန စာကြည့်တိုက်တွေကိုသွားပြီး ကျူနီဖောင်းစာတွေကို ရယူပြီးတော့ နားလည်ဖို့ အတွက် ဘာသာပြန်ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ အခုတော့ ဗြိတိသျှပြတိုက်က ဘာသာပြန်ဆိုထားတဲ့ မူရင်းကျူနီဖောင်းစာတွေကို ကျွန်တော်တို့ ရလာပါပြီ။”

အများပြည်သူ ပြန်လည် ဝင်ရောက်ကြည့်ရှုခွင့်ပြုတဲ့ ၂၀၁၉ ခုနှစ်မတိုင်ခင် ပထမပင်လယ်ကွေ့စစ်ပွဲ ဖြစ်ပွားတဲ့ ၁၉၉၁ ခုနှစ်ကစပြီး ဘာဆရာပြတိုက်ကို ပိတ်ထားခဲ့တယ်လို့ ကိန်းဘရစ်တက္ကသိုလ်က ဖေါ်ပြထားပါတယ်။

Photo- Basrah Museum

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013