DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိ
DVB
·
October 11, 2023
ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိ
Donate to DVB

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား တိုက်ပွဲတွေကြောင့်  အောက်တိုဘာ ၁၁ ရက် မနက်အထိ ရထားတဲ့ သတင်းအချက်အလက်တွေအရ အစ္စရေးနိုင်ငံအတွင်း သေဆုံးသူ အယောက် ၁,၀၀၀ ကျော်ပြီလို့ အစ္စရေးစစ်တပ် ရေဒီယိုက ပြောပါတယ်။

အစ္စရေး ရုပ်သံသတင်းကြေညာသူ ခန်းကတော့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသူဦးရေ ၁,၂၀၀ ကျော်ပြီလို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အစ္စရေးမှာ ဒဏ်ရာရသူ ၂,၇၀၀ ကျော်ပြီလို့ အစ္စရေး ကာကွယ်ရေးတပ် ပြောခွင့်ရ ဂျိုနသန် ကွန်ရိကတ်စ်ကို ကိုးကားပြီး CBS သတင်းဌာနက ဖော်ပြပါတယ်။

ဂါဇာမှာတော့ လူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၄,၆၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အမေရိကန် လေယာဉ်တင်သင်္ဘော USS ဂျရဒ် အာရ် ဖို့ဒ် (CVN 78) ဟာ မြေထဲပင်လယ်ကို ရောက်လာပြီး သင်္ဘောပေါ်မှာ တာဝန်ကျတဲ့ သင်္ဘောသားတွေက ပုံမှန်စစ်ဆင်ရေးတွေ လုပ်ဆောင်နေပုံကို အောက်တိုဘာ ၁၀ ရက်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က အမေရိကန်အစိုးရဟာ အစ္စရေးကို ထောက်ခံကြောင်းပြဖို့ အစ္စရေးနိုင်ငံဆီ စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ အများကြီး စေလွှတ်ထားတယ်လို့ အောက်တိုဘာ ၈ ရက်က ပြောပါတယ်။

အောင်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တွေဟာ ဂါဇာကမ်းမြောင်ကနေ ခြံစည်းရိုးကိုဖြတ်ကျော်ပြီး လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်အပြီး ၂ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်သေနတ်သမားတွေလက်ထဲကနေ သူတို့ပိုင်မြို့တွေကို ပြန်လည်သိမ်းပိုက်ဖို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်း တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူတိုင်းကို တိုက်ခိုက်ပြီးတော့ လိုက်ရှာကာ အထိနာအောင် လုပ်ဆောင်နေကြောင်း၊ အချိန်ကြာပြီး ရှုပ်ထွေးတဲ့တိုက်ပွဲတွေ ဖြစ်လာမယ်လို့ တွေးဆတွက်ချက်ထားကြောင်း အစ္စရေးစစ်တပ် အကြီးအကဲ ဟာဇီ ဟာလဗီ က ပြောပါတယ်။ 

အစ္စရေးစစ်တပ်ဟာ မကြုံစဖူး အရန်တပ်ဖွဲ့ဝင် ၃ သိန်းကို ခေါ်ယူထားပြီး ဂါဇာကမ်းမြောင်ကို အလုံးစုံ ပိတ်ဆို့ထားကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာ ၉ ရက်မှာ ပြောထားပါတယ်။ 

အစ္စရေးဘက်က လက်တုံ့ပြန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက်မှာ ဂါဇာကိုထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်ကလည်း အစ္စရေးက အရပ်သားတွေကို သတိပေးချက် ထုတ်ပြန်ခြင်းမရှိဘဲ နေအိမ်တလုံး ဗုံးကြဲခံရမှုတိုင်းအတွက် အစ္စရေးသုံ့ပန်းတွေကို တဦးချင်း ကွပ်မျက်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။ 

အစ္စရေးနိုင်ငံအတွင်းမှာလည်း ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေက နေရာအများအပြားမှာ ပုန်းအောင်းနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် သေဆုံးသူတွေထဲမှာ အီတလီ၊ ယူကရိန်း၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အနည်းဆုံး အမေရိကန် ၁၁ ဦး သေဆုံးကြောင်း အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။

ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြီးတခု စမယ့်ဘေးနဲ့ ကြုံတွေ့ရဖွယ်ရှိနေပါတယ်။

ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က ယွန်းမ်ကစ်ပါ စစ်ပွဲနောက်ပိုင်း အကြီးမားဆုံးနဲ့ အသေအပျောက်အများဆုံး အစ္စရေးနိုင်ငံအတွင်း ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013