DVB Logo
Home
အားကစား
ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်နှင့် အိုင်ယာလန် ပူးတွဲကျင်းပခွင့်ရ
DVB
·
October 11, 2023
ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်နှင့် အိုင်ယာလန် ပူးတွဲကျင်းပခွင့်ရ
Donate to DVB

ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်နဲ့ အိုင်ယာလန်နိုင်ငံတွေက ပူးတွဲကျင်းပခွင့်ကို အောက်တိုဘာ ၁၀ ရက်က တရားဝင် လက်ခံရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ယူအီးအက်ဖ်အေ အစည်းအဝေးမှာ အင်္ဂလန်နဲ့ အိုင်ယာလန်ကို အိမ်ရှင်အဖြစ်ကျင်းပဖို့ တရားဝင် သတ်မှတ်ပေးခဲ့တာပါ။

အစောပိုင်းက တူရကီနိုင်ငံကလည်း အိမ်ရှင်လုပ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ နုတ်ထွက်ခဲ့တာပါ။ စုစုပေါင်း ၂၄ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် တနှစ်အလိုမှာ ခြေစစ်ပွဲတွေ ကျင်းပမှာပါ။

အင်္ဂလန်အသင်းကတော့ အိမ်ရှင်ဖြစ်လို့ တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပေမဲ့ ခြေစစ်ပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြိုင်ပွဲကျင်းပမယ့် ကွင်း ၁၀ ကွင်း သတ်မှတ်ထားပြီး အိုင်ယာလန်နိုင်ငံမှာ ၂ ကွင်း၊ ဗြိတိန်ကျွန်းစုပေါ်မှာ ၈ ကွင်း ကျင်းပမှာပါ။

ဝင်ဘလေကွင်း အပါအဝင် စပါး၊ ဗီလာ၊ မန်စီးတီး၊ နယူးကာဆယ်နဲ့ အဲဗာတန် အသင်းတွေရဲ့ အိမ်ကွင်းတွေမှာ ကျင်းပမှာဖြစ်ပြီး စကော့တလန်နဲ့ ဝေးလ် အမျိုးသားကွင်းတွေမှာလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013