DVB Logo
Home
အားကစား
ကစားသမားဘဝ အိပ်မက်များ အမှန်တကယ်ဖြစ်လာရန် လုပ်ဆောင်နိုင်ခဲ့ဟု ဟာဇက်ပြော
DVB
·
October 11, 2023
ကစားသမားဘဝ အိပ်မက်များ အမှန်တကယ်ဖြစ်လာရန် လုပ်ဆောင်နိုင်ခဲ့ဟု ဟာဇက်ပြော
Donate to DVB

ကစားသမားဘဝတလျှောက် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဘယ်လ်ဂျီယံကစားသမား အေဒင်ဟာဇက်က ပြောပါတယ်။

ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာပါ။ အဲဒီနောက် ဘောလုံးဆက်ကစားဖို့ စိတ်ကူးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကိုယ့်ရဲ့အခြေအနေကို ကိုယ်တိုင်နားထောင်ပေးရမှာဖြစ်ပြီး မှန်ကန်တဲ့အချိန်မှာ ရပ်တန့်လိုက်ဖို့ လိုအပ်ကြောင်း၊ ကစားသမားဘဝမှာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဟာဇက်က ပြောပါတယ်။

“၁၆ နှစ်အတွင်းမှာ ပွဲပေါင်း ၇၀၀ ကျော် ကစားခဲ့အပြီးမှာ ပရော်ဖက်ရှင်နယ် ကစားသမားတယောက် အဖြစ်ကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျနော့်အနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ကမ္ဘာတဝန်းက ဘောလုံးကွင်းပေါင်းများစွာရဲ့ အထက်မှာ ပျော်ရွှင်စွာ ကစားနိုင်ခဲ့ပါတယ်။ ကစားသမားဘဝ တလျှောက်မှာ ခမ်းနားတဲ့နည်းပြတွေ၊ အသင်းဖော်တွေနဲ့ ဆုံတွေ့ခဲ့ရတာက ကံကောင်းခဲ့ပါတယ်။ အဲဒီအချိန်တွေအတွက် အားလုံးကို ကျေးဇူးတင်ရှိပြီး လွမ်းဆွတ်သတိရနေမှာပါ” လို့ ဟာဇက်က ပြောပါတယ်။

အနားယူချိန်မှာ အသက် ၃၂ နှစ်ပဲရှိသေးတဲ့ ဟာဇက်ဟာ ကစားသမားဘဝကို ပြင်သစ်ကလပ် လိုင်လီနဲ့ စတင်ခဲ့ပြီး ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တွေမှာ ပြောင်းရွှေ့ကစားခဲ့တာပါ။ ဘယ်လ်ဂျီယံအသင်းနဲ့လည်း စုစုပေါင်း ၁၂၆ ပွဲအထိ ကစားခဲ့ပြီး ၃၃ ဂိုး သွင်းယူခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013