DVB Logo
Home
မြန်မာသတင်း
၉ လအတွင်း ယာဥ်တိုက်မှုကြောင့် လူ ၁၉၀၀ ခန့် သေဆုံး
DVB
·
October 10, 2023
၉ လအတွင်း ယာဥ်တိုက်မှုကြောင့် လူ ၁၉၀၀ ခန့် သေဆုံး
Donate to DVB

မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နဲ့တိုင်းတွေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဥ်တိုက်မှု ၃၆၃၄ ကြိမ်ဖြစ်ခဲ့ပြီး ၁,၈၆၄ ဦး သေဆုံးကာ ၄,၉၉၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ယာဥ်တိုက်မှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းထုတ်ပြန်တာလို့ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အရင်က ပြည်ထဲရေးကပဲ ထုတ်တာ၊ အခုက ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးက သတင်းအချက်အလက်ကို ထုတ်ပြန်တာ။ ဒီနှစ် ၉ လတာစာရင်းမှာ ရန်ကုန်က ယာဥ်တိုက်မှုရော၊ သေတဲ့သူရော ပိုများတယ်။" 

ဒီနှစ် ၉ လတာအတွင်း ယာဥ်တိုက်မှု ၃၆၄၃ ကြိမ်မှာ ရန်ကုန်တိုင်းနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်တိုက်မှု ၇၆၄ ကြိမ်ဖြစ်ခဲ့ပြီး ၃၈၉ ဦး သေဆုံးခဲ့တယ်လို့ သူကဆက်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း ၄၂၈၂ ကြိမ်ဖြစ်ခဲ့ပြီး ၂၁၀၂ ဦး သေဆုံးကာ ၅၉၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူပင် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းမှာလည်း ယာဥ်တိုက်မှု ၄၈၃၆ ကြိမ်ဖြစ်ခဲ့ပြီး ၂၃၉၈ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013