DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးပြည်သူများ၏ စျာပနကျင်းပ
DVB
·
October 10, 2023
ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးပြည်သူများ၏ စျာပနကျင်းပ
1 / 2
Donate to DVB

KIO ထိန်းချုပ်ဒေသ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ကျေးရွာက စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်းအားမြင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့သူ စစ်ရှောင်ပြည်သူ ၂၉ ဦးနဲ့ ဒဏ်ရာရရှိခဲ့သူ စုစုပေါင်း ၅၀ ခန့် ရှိခဲ့ပါတယ်။

အဆိုပါဖြစ်စဥ်ကြောင့် မုန်လိုင်ခက် စစ်ရှောင်စခန်း အများအပြား ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရရှိသူတွေကို လိုင်ဇာမြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူဖို့ ပို့ဆောင်ထားရပါတယ်။

အရေးပေါ် ရှာဖွေကယ်ဆယ်မှုတွေနဲ့ ပျက်စီးမှုတွေကို ရှင်းလင်းဖယ်ရှားပြီးနောက်မှာ သေဆုံးသူတွေရဲ့ စုပေါင်းစျာပနကို ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၃ နာရီခန့်မှာ ကျင်းပခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်မှု ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတဦးက “အရေးပေါ် ရှာဖွေကယ်ဆယ်တယ်၊ သေဆုံးတဲ့သူတွေကို မိသားစု အမျိုးတွေနဲ့ အတည်ပြုတယ်၊ ပြီးတော့ အခမ်းအနားနဲ့ သင်္ဂြိုဟ်ကြပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူအများစုဟာ အပြစ်မဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့လုပ်ရပ်ကို အခုချိန်အထိ တာဝန်မဲ့စွာ ငြင်းဆန်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်ကလည်း ဖားကန့်မြို့ အနန့်ပါကျေးရွာမှာ အရပ်သားတွေ ပျော်ရွှင်ပွဲ ကျင်းပနေစဥ် စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဥ်နဲ့ ဗုံးကြဲခဲ့ပြီး အစုအပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013