DVB Logo
Home
မြန်မာသတင်း
TNLA နှင့် SSPP တို့အကြားပြဿနာ အပြန်အလှန် သင်ပုန်းချေ ဖြေရှင်းပြီးဖြစ်ဟု ကြေညာ
DVB
·
October 10, 2023
TNLA နှင့် SSPP တို့အကြားပြဿနာ အပြန်အလှန် သင်ပုန်းချေ ဖြေရှင်းပြီးဖြစ်ဟု ကြေညာ
Donate to DVB

TNLA နဲ့ SSPP တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တာဟာ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ခဲ့တဲ့ကိစ္စတွေကို အပြန်အလှန် သင်ပုန်းချေလိုက်ပြီလို့ နှစ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ တပ်မဟာ ၁ နဲ့ ရှမ်းပြည်တိုးတတ်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တွေ စက်တင်ဘာလ ၂၃ ရက်က ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီကိစ္စတွေနဲ့ပတ်သတ်ပြီး မဟာမိတ်အဖွဲ့အစည်းတွေကြား ပေါ်ပေါက်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ နှစ်ဖက်အဖွဲ့အစည်းကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အောက်တိုဘာ  ၆ ရက်နဲ့ ၇ ရက်တွေမှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုအပြီးမှာ အခုဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အချင်းချင်း နားလည်မှု လွဲမှားခဲ့တာဖြစ်ကြောင်း  ဖြစ်ခဲ့တာတွေကို အပြန်အလှန်သင်ပုန်းချေပြီး နောက်နောင် အခုလိုမျိုး မဖြစ်ပွားအောင် သင်ခန်းစာယူကြဖို့ ညှိနှိုင်းဖြေရှင်းခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပူးတွဲ  သတင်းထုတ်ပြန်ပါတယ်။

အခုလို နိုင်ငံရေးမဟာမိတ်တပ်ဖွဲ့တွေအချင်းချင်း အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တာဟာ အောက်ခြေတပ်တွေအချင်းချင်း ဘာသာစကား နားလည်မှု လွဲမှားတာကနေ အစပြုပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA  ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောပါတယ်။

ဒီကိစ္စ ရှမ်းပြည်တိုးတတ်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဘက်က သဘောထားကို ဒီဗွီဘီသတင်းဌာနအနေနဲ့  မေးမြန်းလို့ မရသေးပါဘူး။

TNLA နဲ့ SSPP/SSA တပ်ဖွဲ့တွေဟာ ‘ဝ’ ဦးဆောင်တဲ့ ပြည်ထောင်စုန နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ နိုင်ငံရေးမဟာ မိတ်အဖွဲ့တွေ ဖြစ်ပါတယ်။ SSPP/SSA ကတော့ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်နဲ့ ငြိမ်းချမ်းရေးကိစ္စ ဆက်လက်ဆွေးနွေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

TNLA ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ စစ်ရေးတင်းမာနေတဲ့အဖွဲ့ ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး စစ်ဆင်ရေးတွေဖော်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013