DVB Logo
Home
မြန်မာသတင်း
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၁၂ မျိုး  FDA ထုတ်ပြန်
DVB
·
October 10, 2023
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၁၂ မျိုး  FDA ထုတ်ပြန်
Donate to DVB

အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့အလှကုန်ပစ္စည်းတွေအဖြစ် ကုန်ပစ္စည်း ၁၂ မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ကြေညာပါတယ်။

အဲ့ဒီကြေညာချက်မှာ သုံးစွဲဖို့မသင့်တဲ့ အလှကုန်ပစ္စည်းတွေထဲက တချို့ကုန်ပစ္စည်းတွေကို အွန်လိုင်းစျေးကွက်တွေမှာ ရောင်းချနေတယ်လို့ သိရပါတယ်။

အခုနှစ်အတွင်း ပြည်တွင်းအွန်လိုင်းဈေးကွက်မှာ ရောင်းချနေတဲ့အလှကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ နှုတ်ခမ်းနီ၊ Cream၊ Eyeshadow စတဲ့ အလှကုန် ၁၂ မျိုးအပြင် တားမြစ်ဓာတုပစ္စည်းတွေဖြစ်တဲ့ Rhodamine B၊ Mercury၊ Lead တွေ ပါဝင်တဲ့အတွက် သုံးစွဲရန်မသင့်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

သုံးစွဲဖို့မသင့်တဲ့ အလှကုန်ပစ္စည်းအမှတ်တံဆိပ် ၁၂ မျိုးထဲမှာတော့ ကုမ္ပဏီအမည် ဖော်ပြမထားတဲ့ နှုတ်ခမ်းနီ HIJF BEAUTY Apple Lipstick ၊ ထိုင်းဘာသာနဲ့ ရေးထားတဲ့ PEARL SKIN/ PEARL & Ginger Cream ၊ တရုတ်နိုင်ငံထုတ် Any Lady Pretty Girl Makeup Palette (EyeShadow/Highlighter/ Lipstick/ Eyebrow powder) ၊ တရုတ်နိုင်ငံထုတ် Lameila ( 16 Color Eyeshadow) ၊ Lidanxiu Lipstick ၊ တရုတ်နိုင်ငံထုတ် Any Lady 12 Color Eyeshadow Palette၊ Collagen Plus Vit E - Day & Night Cream ၊ တရုတ်လုပ် IMAN OF NOBEL- Liquid Shadow fashion Eyeshadow ၊ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့  IU Beauty-Lip Gloss ၊ ထိုင်းလို ရေးထားတဲ့ Mila color- Primer Eyebrow Kit ၊ တရုတ်လုပ် Kiss Beauty Fashion Colour MakeUp နဲ့ တရုတ်လုပ် L CHEAR/ To Love Sweet Makeup မိတ်ကပ် အမျိုးအစားတွေပါဝင်ပါတယ်။

အွန်လိုင်းအလှကုန်ပစ္စည်းရောင်းချနေသူတဦးက “ကျမတို့မှာက သုံးစွဲသူတွေ အကြိုက်မှာပြီး ရောင်းနေရတာတွေ ရှိတယ်။ ပြောချင်တာက အလှကုန်ထက်စာရင် စားသောက်ကုန်တွေကို အဓိကထားရမှာ။ အခုအစားသောက်တွေက လူကိုအန္တရာယ်ဖြစ်မယ့် ဆိုးဆေးတွေပါသလို တချို့ ဒိတ်လွန်တာတွေ အများကြီးရောင်းနေကြတာ" လို့  ပြောပါတယ်။

FDA ထုတ်ပြန်ချက်မှာ အလှကုန်ပစ္စည်းတွေမှာပါဝင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြား ယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူ၊ အနီကွက်တာ၊ အရေပြားကတဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

အလှကုန် တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကား ရောင်းချနေတဲ့ ဆိုင်တွေအနေနဲ့  လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013