DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို ရေဘေးရှောင် ၈၀၀ကျော်  အစားအစာနှင့် ဆေးဝါးအကူအညီလိုအပ်
DVB
·
October 10, 2023
ကျိုက်ထို ရေဘေးရှောင် ၈၀၀ကျော်  အစားအစာနှင့် ဆေးဝါးအကူအညီလိုအပ်
1 / 3
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျိုက်ထီးရိုးတောင်ကျရေကြောင့် ရေဘေးရှောင်ပြည်သူ ၈၀၀ ကျော်ဟာ စားသောက်ရေးအခက်အခဲတွေရှိနေပြီး အစားအစာနဲ့ ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေဝာယ်လို့ ဒေသခံတွေ၊ ပရဟိတသမားတွေက ပြောပါတယ်။

ကျိုက်ထိုမြို့က အေးရိပ်ငြိမ်၊ ဇေယျာရွေပြည်၊ မြောက်ပိုင်းတိုးချဲ့ရပ်ကွက်၊‌ ဇေယျာမွန်တိုးချဲ့ ရပ်ကွက်၊ ကံ့ကော်ရပ်ကွက်နဲ့ ဖက္ကလိပ်ကျေးရွာတို့မှာရှိတဲ့ အိမ်ခြေ ၂၀၀ ကျော်က လူ ၈၀၀ ကျော်ဟာ အစားအသောက်နဲ့ဆေးဝါးတွေ လိုအပ်နေပါတယ်။

အောက်တိုဘာ ၅ ရက်ကတည်းက မိုးသည်းထန်စွာ ရွာနေပြီး ဒီနေ့အချိန်ထိ မိုးဆက်လက်ရွာသွန်းနေကာ ရေကြီးမှုဟာ နောက်ထပ် ၂ ရက်မှ ၅ ရက်အထိဆက်ရှိနိုင်လို့ အကူအညီတွေလိုအပ် နေတယ်လို့ ‌ပရဟိတသမားတဦးက ပြောပါတယ်။

"ရေဘေးရှောင်နေရတဲ့သူတွေက အနိမ့်ပိုင်းက သူတွေပဲဆိုတော့ မပြန်နိုင်သေးပါဘူး။ နောက်ထပ်နှစ်ရက် စောင့်ကြည့်ရအုံးမှာ‌ပါ။ အဲ့ဒီမှာ မိုးမရွာသလို တောင်ကျ ရေကျတာလည်းနည်း သွားရင် ရေဘေးရှောင်တွေ ပြန်လို့ရပါပြီ။ ဒါမှမဟုတ်ပဲ တောင်ကျရေလည်းကျ မိုးလည်းမနားဘူးဆိုရင်တော့ ရေထရက်‌နဲ့ ဒိထက်အ‌ခြေအနေပို ဆိုးလာနိုင်ပါတယ်။ အခုတော့ လူများတော့ အ‌စား‌အသောက်တွေနဲ့ ဆေးဝါတွေ အကူအညီတွေ လိုအပ်နေပါတယ်။"

ရေဘေးရှောင်တွေကို လက်ရှိ ကော့စနိုင်တောရဘုန်းကြီးကျောင်း၊ ဇေယျာမွန်တောရ ရွှေဂူတောရ ကျောင်းဓမ္မာရုံနဲ့ဘုန်းကြီးကျောင်းနဲ့ ဥဩစာသင်ကျောင်းတွေမှာ ယာယီထားရှိပါတယ်။

ကျိုက်ထိုမြို့မှာ နှစ်စဉ် ဝါ‌ဆို၊ ဝါခေါင်ရေကြီးလေ့ရှိပေမဲ့ တော်သလင်း၊ သတင်းကျွတ်မှာ ရေကြီးလေ့ မရှိတဲ့အပြင် လက်ရှိ ရေကြီးမှုဟာ သက်တမ်းတလျောက် အများဆုံးလို့ ဒေသခံတဦးက ပြောပါတယ်။

"ရေကြီး နေကြဆိုပေမဲ့ ဒီလိုမျိုးတခါမှ မကြီးဖူးဘူး။ အခု ရေကလည်း တော်တော်များတာ တခါမှ ဒီလောက်ကြီးတာ မတွေ့ဖူးဘူး။ တမြို့လုံး မြုပ်သွားတာ။ မြို့တွင်း ရပ်ကွက် ၆ ခုကော ကျေးရွာတွေကော အကုန်မြုပ်တာ။ ရေကတော့ နည်းနည်းကျပေမဲ့ လမ်းပေါ်ကပဲကျ‌တာ နေအိမ်တွေထဲမှာတော့ ရှိနေသေးတယ်။"

ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းမှာလည်း အောက်တိုဘာ  ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြေထိန်းနံရံပြိုကျ ပျက်စီးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ဩဂုတ်လကလည်း မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံ ဖြစ်ပွား ပြီး အိမ်ထောင်စု ၁၀၀ မှ လူ ၃၀၀ လောက် ရေဘေးရှောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013