DVB Logo
Home
မြန်မာသတင်း
ပဲခူးရေဘေးရှောင် ၄၀၀၀၀ ကျော်ရှိလာ၊ နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေရ 
DVB
·
October 10, 2023
ပဲခူးရေဘေးရှောင် ၄၀၀၀၀ ကျော်ရှိလာ၊ နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေရ 
1 / 4
Donate to DVB

ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေပြီး နေအိမ်အတွင်း ပိတ်မိနေသူတွေကို လူမှုကူညီရေးအသင်းဝင်တွေက ကယ်ထုတ်နေရကာ ရေဘေးတိမ်းရှောင်သူ ၄၀၀၀၀ ကျော်အထိ ရှိလာပြီလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၇ ရက်က စတင်ပြီး မိုးရွာသွန်းတာကြောင့် ပဲခူးမြို့ တမြို့လုံးနီးပါး ရေနစ်မြုပ်ပြီး  ၃ ရက်ကြာတဲ့အထိ ရေကျသွားတာမရှိသေးဘဲ နေအိမ်အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေက ကယ်ထုတ်နေရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက "မနေ့ညကစပြီး မိုးရပ်သွားတော့ ရေနည်းနည်း ကျသွားတယ်။ အခုမနက်တော့ မိုးကနည်းနည်းပြန်ရွာတယ်။ နေအိမ်အပေါ်ထပ် မမြုပ်တဲ့သူတွေက အဲ့မှာပဲနေကြတာ။ ကျန်းမာရေးမကောင်းသူတွေကို ကယ်ထုတ်နေရတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်း ပြည့်သလောက်ဖြစ်နေပြီ။ အခုလတ်တလော  အခြေအနေအရ စက်လှေလိုနေပါတယ်"လို့ ပြောပါတယ်။

ပဲခူးမြို့ ရေကြီးမှုမှာ တမြို့နယ်လုံး ရေနှစ်မြုပ်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၁၀ ပေ အထိရှိပြီး အမြင့်ပိုင်းရပ်ကွက်တွေမှာ ၃ ပေ အထိရှိကာ ပဲခူးမြို့အနီး ကျေးရွာ ၇ ရွာမှာလည်း ရေနစ်မြုပ် နေပါတယ်။ 

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းအထိ နေအိမ်အတွင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နေရပြီး ရေဘေးရှောင်ပြည်သူ ၄၀၀၀၀ ကျော်အထိရှိလာလို့ ကယ်ဆယ်ရေးစခန်း ၃၀ ကျော်အထိ ထပ်တိုး ကူညီပေးနေရတယ်လို့ သိရပါတယ်။

ပဲခူးမြို့မှာ နှစ် ၆၀ အတွင်း ရေကြီးမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နိုင်ငံအနှံ့ လူမှုကူညီရေးအဖွဲ့တွေပါ ပဲခူးမှာ ရေးဘေး ကူညီကယ်ဆယ်ဖို့ ရောက်ရှိနေပါတယ်။

Photo- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013