DVB Logo
Home
မြန်မာသတင်း
ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း ပိတ်မိပြည်သူများကို ပရဟိတအသင်းများ ကယ်ထုတ်ပေးနေရ
DVB
·
February 7, 2024
ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း ပိတ်မိပြည်သူများကို ပရဟိတအသင်းများ ကယ်ထုတ်ပေးနေရ
Donate to DVB

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို ပရဟိတအသင်းတွေက ကယ်ထုတ်ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက ည ၁၁ နာရီကျော်လောက်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ လေတပ်က လက်နက်ကြီးတွေနဲ့ ဇရပ်ကြီးမြို့ကို ပစ်ခက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။

မြို့ခံတဦးက "ညက ပစ်ခတ်သံတွေ စကြားရတယ်။ မနက်အစောပိုင်းက လေယာဉ်နဲ့ ကြဲနေတ။ လေယာဉ်ပေါ်ကနေ လက်နက်တွေနဲ့လည်း ပစ်ကူပေးနေတယ်။ စစ်ရှောင်တွေက လေယာဉ်ပေါ်က ပစ်ခတ်လို့ ပြေးနေကြရတာ။ အခုချိန်ထိ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီခြေလျင်တပ်ရင်း တိုက်ခိုက်ခံရပြီးရနောက် လေကြောင်းကနေ ဆက်တိုက်ဆိုသလို ပစ်ခတ်နေတာကြောင့် ပြည်သူ ၁၀၀၀ ကျော် တောင်ငူမြို့ကို ထွက်ပြေးနေရပြီး ပရဟိတအသင်းတွေက ဇရပ်ကြီးမြို့အနီး  တပြေးရွာနဲ့ နတ်ရွာတို့ကနေ ကယ်ထုတ်ပေးနေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီအထိ စစ်ရှောင်တွေကို ကယ်ထုတ်ပေးနေရပြီး စစ်ကောင်စီလေကြောင်းကလည်း ပစ်ခတ်နေတဲ့အတွက် မြို့အတွင်းဝင်ရောက်ကာ ကယ်ဆယ်ရေး မလုပ်ဆောင်ပေးနိုင်သေးဘဲ ပိတ်မိနေသူအများအပြား ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ရှောင်နေရသူ မနွေးနွေးက "တိုက်ပွဲက စစ်တပ်အနားဝန်းကျင်မှာဖြစ်တာကို လေယာဉ်က တမြို့နယ်လုံးကို အကြိမ်ကြိမ်ပတ်ပစ်နေတာ။ ထိခိုက်ဒဏ်ရာရသူတွေနဲ့ လတ်တလော ၄ ယောက်သေတယ်ကြားတယ်။ အချက်အလက်အတိအကျတော့ စုံစမ်းလို့ မရသေးဘူး။ အသက်လုပြေးလာရတဲ့အတွက် ဘာမှတောင် ယူမလာနိုင်ခဲ့ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ရှောင်တွေကို တောင်ငူမြို့ရှိ အများပြည်သူ နေထိုင်ခွင့်ပေးတဲ့ နေအိမ်အဆောက်အဦတွေကို ပရဟိတအသင်းတွေက ပို့ဆောင်ပေးနေပြီး လေကြောင်းပစ်ခတ်မှုကြောင့် အသက်လု ပြေးလာရတဲ့အတွက် အဝတ်အစားတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013