
အစ္စရေးနိုင်ငံကို အငိုက်ဖမ်း တိုက်ခိုက်မှုတရပ်အတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပြီးတဲ့နောက် အီတလီနိုင်ငံရဲ့မြို့တော် ရောမ၊ ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီနဲ့ တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်တို့မှာရှိတဲ့ အစ္စရေးသံတမန်ရေးရာ နယ်မြေတွေနဲ့ ရဟူဒီ ဘုရားရှိခိုးကျောင်းတွေရဲ့ အပြင်မှာ အောက်တိုဘာ ၉ ရက်က လုံခြုံရေးတိုးမြှင့် ထားပါတယ်။
၁၉၈၂ ခုနှစ်က ရဟူဒီ ဘုရားကျောင်းကို ပါလက်စတိုင်း သေနတ်သမားတွေက တိုက်ခိုက်လို့ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှု အထိမ်းအမှတ် အခမ်းအနားမှာ ရောမမြို့တော်ဝန် ရိုဘာတို ဂွါတီယယ်ရီက ဟားမတ်စ်တွေ ဖမ်းထားတဲ့ ဓားစာခံ တွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ဘာသာရေးပွဲတွေ ကျင်းပလေ့ရှိတဲ့ ဂျူးလူမျိုးတွေရဲ့ နေရာတွေမှာ ပါရီရဲတပ်ဖွဲ့က လုံခြုံရေးကို အားဖြည့်ထားပါတယ်။
အစ္စလမ်မစ်အုပ်စု ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ရေးသမားတွေက အစ္စရေးလူ ၈၀၀ ကျော် ကို သတ်ခဲ့ပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ အစ္စရေးနိုင်ငံသား အယောက် ၁၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဆယ်စုနှစ်များစွာအတွင်း အသေအပျောက် အများဆုံး ကျုးကျော်မှုတွေကြောင့် ဂါဇာကမ်းမြောင် ဒေသက ပါလက်စတိုင်းတွေကို အစ္စရေးက လက်တုံ့ပြန်ခဲ့ပါတယ်။
Source/Photo-Reuters











