DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပလို့ရသည့် မြို့နယ်များကို လုံခြုံရေးအင်အားတိုးမြှင့်ရန် ဒုစစ်ခေါင်းဆောင် ပြော
DVB
·
May 21, 2025
ရွေးကောက်ပွဲကျင်းပလို့ရသည့် မြို့နယ်များကို လုံခြုံရေးအင်အားတိုးမြှင့်ရန် ဒုစစ်ခေါင်းဆောင် ပြော
Donate to DVB

ရွေးကောက်ပွဲ ကျင်းပလို့ရတဲ့ မြို့နယ်တွေကို အရင်ကထက် ပိုပြီး လုံခြုံရေးတိုးမြင့်ဆောင်ရွက်ဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မေ ၂၀ ရက်မှာ ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးက ဝန်ကြီးချုပ်တွေကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မှာဖြစ်လို့ ဝန်ကြီးချုပ်တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပလို့ရတဲ့ မြို့နယ်တွေမှာ လုံခြုံရေးကို အရင်ကထက် တိုးမြှင့်ဆောင်ရွက်ဖို့လိုပြီး ရွေးကောက်ပွဲပြီးပါက အနိုင်ရပါတီကို အာဏာလွှဲပေးနိုင်ဖို့ အခုကတည်းက ပြင်ဆင်ထားရမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်နယ်နဲ့တိုင်းအလိုက် စာရင်းကောက်ယူနေတာရှိပြီး ရွေးကောက်ပွဲ ကျင်းပမယ့်နေ့နဲ့ ကျင်းပနိုင်တဲ့ မြို့နယ်တွေကို ရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးကြောင်း ထွေအုပ်ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“အစည်းအဝေးတိုင်းပြောလိုက်ရင် ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးမယ်ဆိုတာချည်းပဲ ရွေးကောက်ပွဲပြီးမှတော့ အာဏာမလွှဲပေးလို့ရမလား၊ လက်ရှိ စာရင်းကောက်နေတာပဲရှိတာ၊ ရွေးကော်က ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်၊ ဘယ်မြို့တွေမှာ လုပ်လို့ရတယ်ဆိုတာကို မထုတ်ပြန်နိုင်သေးဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ ကျင်းပလို့ရတဲ့ မြို့နယ်တွေကို သတ်မှတ်ထားပြီးဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ကြေညာသွားမယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ မတ် ၁၆ ရက်က ပြန်လည်ဖြေဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေက မြို့ပေါင်း ၁၁၀ ကျော်ကို ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013