နယူးကာဆယ်အသင်း၏ လေ့ကျင့်ရေးကွင်းသစ် ဒီဇိုင်းထွက်ပေါ်လာ
DVB
·
September 3, 2026

နယူးကာဆယ်အသင်းဟာ ပေါင် သန်း ၁၉၀ အကုန်အကျခံ တည်ဆောက်မဲ့ ကမ္ဘာ့အဆင့်မီ လေ့ကျင့်ရေးကွင်းသစ်ရဲ့ ဒီဇိုင်းတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ဒီစီမံကိန်းကို နယူးကာဆယ် လေဆိပ်အနီး ဧက ၂၆၀ ကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်သွားမှာပါ။
လေ့ကျင့်ရေးကွင်းမှာ ပထမအသင်းနဲ့ အကယ်ဒမီသုံး ဘောလုံးကွင်း ၁၇ ကွင်းအပါအဝင် အဆင့်မြင့် ကျန်းမာရေးနဲ့ နည်းဗျူဟာခန်းမတွေ ပါဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်းတခုလုံးကို ၂၀၂၉ နွေရာသီမှာ အပြီးသတ်ဖို့ မျှော်မှန်းထားပါတယ်။











