DVB Logo
Home
မြန်မာသတင်း
ကံမမြို့တွင် ခိုးမှုသံသယဖြင့် ဖမ်းဆီးခံရသူ ၁ ဦး စစ်ကြောရေး၌ သေဆုံး
DVB
·
October 9, 2023
ကံမမြို့တွင် ခိုးမှုသံသယဖြင့် ဖမ်းဆီးခံရသူ ၁ ဦး စစ်ကြောရေး၌ သေဆုံး
Donate to DVB

မကွေးတိုင်း၊ ကံမမြို့မှာ ဖောက်ထွင်းမှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတယောက် စစ်ကောင်စီ ရဲစခန်း စစ်ကြောရေးမှာ လက်လွန်သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ မြို့ခံက ပြောပါတယ်။

သေဆုံးသူဟာ အမှတ် ၁ ကျောက်မှော်ဦးရပ်ကွက်ထဲမှာ နေထိုင်တဲ့ ကိုဝေဇင်ဖြိုး (ခ) လင်းနိုင် (၂၉ နှစ်) ဖြစ်ပြီး သူ့ကို ကံမမြို့မရဲစခန်းက စစ်ကြောရေးခန်းထဲမှာ စစ်ကြောရေးလုပ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့မိသားစုနဲ့ နီးစပ်သူတယောက်က “ဖမ်းသွားတာ ၁၄ ရက်ရှိနေပြီ။ မနေ့ကမှ ကံမဆေးရုံမှာ အလောင်းလာပို့တယ်ဆိုလို့ မိသားစုက လိုက်သွားကြတော့မှ တွေ့တာ။ ဖြစ်စဥ်က ရွှေတွေ ပိုက်ဆံတွေ ပျောက်သွားတဲ့ ကံမ-သရက်လမ်းပေါ် အမှတ် ၂ ရပ်ကွက်မှာနေတဲ့အိမ်က အမှုဖွင့်ပြီး ဖမ်းခိုင်းတော့ ရဲကဖမ်းလိုက်ပြီး နောက်တနေ့ကျတော့ သူ့မိန်းမ ကလေးမွေးလို့ သူ့ဦးလေး အမှတ် ၁ အုပ်ကြီးက အာမခံနဲ့ လာပြန်ထုတ်လိုက်တာ။ အဲ့ဒါ အပြင်မှာ တရက်ပဲနေရသေးတာကို တဖက်ကအမှုဖွင့်တဲ့သူရဲ့ ရှေ့နေက အုပ်ကြီးရဲ့တူမလို့ အာမခံပေးပြီး ပြန်လွှတ်လိုက်တာလားဆိုပြီး ရဲကို ဖိအားပေးတော့ ရဲက ပြန်ဖမ်းပြီး ၁၃ ရက်လုံး ထမင်းမကျွေးဘဲ စစ်ရင်းနဲ့ လက်လွန်ပြီးသေတာ။ သူတို့က ဆေးရုံမှာသေတဲ့ပုံစံလုပ်ဖို့ ကြံတာ။ ရဲက အရိပ်စစ်နာရေး Light truck ကားနဲ့ ညကြီးလာပို့တာ။ မျက်နှာနဲ့ နောက်စိမှာ အညိုအမဲ ဒဏ်ရာတွေ တွေ့တယ်ပြောတယ်။ ဆရာဝန်ကြီးက ဘယ်လက်ခံမလဲ၊ ဆေးရုံလာပို့ကတည်းက သေနေတာ။ အခုတော့ မနေ့က ရင်ခွဲပြီး ပြန်စစ်တယ်။ မြို့နယ် TMO ရဲ့ ဆေးစစ်ချက်ကတော့ ဘယ်လိုလာမယ်မသိသေးဘူး” လို့ ပြောပါတယ်။

ပစ္စည်းပျောက်ဆုံးတယ်ဆိုတဲ့အိမ်က လတ်တလော ချဲရောင်းတဲ့အိမ် ဖြစ်တာကြောင့် လူဝင်လူထွက်များတဲ့ အိမ်တအိမ်ဖြစ်ပြီး လောလောဆယ် ရဲတချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး ကံမမြို့နယ်ရဲတပ်ဖွဲ့မှူးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013