
အစ္စရေးသမိုင်းမှာ သွေးထွက်သံယို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်လာတဲ့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို အောင်ပွဲအဖြစ် အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီက အောက်တိုဘာ ၈ ရက်မှာ ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ခုခံမှုရဲ့ လက္ခဏာတရပ်လည်း ဖြစ်တယ်လို့ အီရန်မြို့တော် တီဟီရန်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ရိုင်စီက ပြောပါတယ်။
အစ္စရေး ၇၀၀ ကျော်ကို ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့က သတ်ဖြတ်ခဲ့ပြီး အစ္စရေး အယောက် ၁၅၀ လောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
အစ္စရေးကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာရှိတဲ့ ဟားမတ်စ်အရာရှိတွေရဲ့ အိမ်ရာတွေ၊ ဥမင်လိုဏ်ခေါင်းတွေနဲ့ ဟားမတ်စ်အရာရှိ နေအိမ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ကလေးအယောက် ၂၀ အပါအဝင် လူ ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters










