DVB Logo
Home
အားကစား
ဝိန်းရွန်နီနှင့် ဒီစီယူနိုက်တက် လမ်းခွဲ
DVB
·
October 9, 2023
ဝိန်းရွန်နီနှင့် ဒီစီယူနိုက်တက် လမ်းခွဲ
Donate to DVB

ဒီစီယူနိုက်တက်အသင်းဟာ နည်းပြချုပ်ဖြစ်သူ ဝိန်းရွန်နီနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲကြဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်မှာ မေဂျာလိဂ် ဘောလုံးကလပ်အနေနဲ့ ကြေညာခဲ့ပါတယ်။

၂၀၁၈-၁၉ ခုနှစ်အကြား ဒီစီယူနိုက်တက်အသင်းအတွက် ကစားပေးခဲ့ဖူးတဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟောင်းဟာ ၂၀၂၂ ခုနှစ်ရဲ့ ဇူလိုင်လမှာတော့ အသင်းနည်းပြအဖြစ် စတင် တာဝန်ယူခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့စနေနေ့ အစောပိုင်းတုန်းက နယူးယောက်ခ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဒီစီယူနိုက်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် ၉ အဖြစ် ရမှတ်ပေါင်း ၄၀နဲ့အတူ ရာသီကုန်ဆုံးခဲ့ပါတယ်။

ဒါပေမဲ့ MLS ဖလားအတွက် ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ဒီစီယူနိုက်တက်အသင်းက ၄ နှစ် ဆက်တိုက် လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲပြီးဆုံးသွားချိန်မှာ ရွန်နီကတော့ ဒီစီယူနိုက်တက်ကို ရှုံးထွက်အဆင့်အထိ ရောက်ရှိဖို့ “တတ်နိုင်သမျှ ကြိုးပမ်းခဲ့ပြီးပြီ” ဖြစ်တာကြောင့် ကိုယ့်လမ်းအတိုင်းလျှောက်ကြဖို့ “အချိန်တန်ပြီ” လို့ မှတ်ချက်ပေးပါတယ်။ ဝိန်းရွန်နီဟာ အင်္ဂလန်လက်ရွေးစင်ဟောင်း ဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်တတိယတန်း ကလပ်တခုဖြစ်တဲ့ ဒါဘီကောင်တီအသင်းကိုပါ ရွန်နီက ၂ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013