DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် PDF များအလင်းဝင်ခြင်းကို စိစစ်ရန် တိုင်းစစ်ဌာနချုပ်ကို သတိပေး
DVB
·
October 8, 2023
ဧရာဝတီတိုင်းတွင် PDF များအလင်းဝင်ခြင်းကို စိစစ်ရန် တိုင်းစစ်ဌာနချုပ်ကို သတိပေး
Donate to DVB

PDF တွေ အလင်းဝင်တယ်ဆိုတာမှာ  ဧရာဝတီတိုင်းက များနေတာကြောင့် သေချာစိစစ်ဖို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ကက (ကြည်း)ရုံးက သတိပေးထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုနည်းပါးတဲ့ ဧရာဝတီတိုင်းမှာ အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း PDF တွေ လက်နက်နဲ့ အလင်းဝင်တာ၊ လက်နက်မဲ့အလင်းဝင်တာ စတာတွေကို သေချာစိစစ်သွားဖို့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ညွှန်ကြားစာ ပေးပို့ခဲ့တာပါ။

အုပ်ချုပ်ရေးနဲ့နီးစပ်တယောက်က  “ကက(ကြည်း)ရုံးက စာထုတ်ထားတာ။ နတခ လက်အောက်က ​တပ်ရင်းတပ်ဖွဲ့တွေ အကုန်ပို့တာ။ ဝန်ကြီးချုပ်ကလည်း ဗိုလ်မှူးချုပ်ဟောင်းဆိုတော့ ရောက်လာသမျှ တိုင်းမှူးနဲ့ပေါင်းပြီး လုပ်စားတာ၊ သူ့နေရာ တည်မြဲရေးအတွက်။ ထောင်မကျဘူးဆိုတော့ ဇာတ်လမ်းလုပ်ပြီး အလင်းဝင်တဲ့ သူတွေရှိတယ်” လို့ ပြောပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်ရုံးမှာ အောက်တိုဘာ ၅ ရက်က ကျုံပျော်မြို့နယ်နဲ့ ရေကြည်မြို့နယ်က PDF ၄ ယောက် လက်နက်နဲ့အလင်းဝင်တယ်ဆိုတာလည်း လုပ်ကြံဝါဒဖြန့်တာဖြစ်မယ် လို့ ကျုံပျော်မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

"ကျုံပျော်မှာ မသင်္ကာလို့ ခလရ ၃၆ က ဖမ်းထားတဲ့ ဒေသခံ ၂၀ ကျော်ရှိတယ်။ အခု အလင်းဝင်တာ အဲအထဲက ဖြစ်မှာပေါ့။ ရွာတွေမှာက ထောင်မကျရေးပဲ။ စစ်တပ်က အခုပြန်လွှတ်မယ်၊ ဒီစာရွက်မှာ လက်မှတ်ထိုးဆို ထိုးရတဲ့ဘဝတွေ။ နတခနဲ့ ခလရ ၃၆၊ ခလရ ၁၈ ပေါင်းပြီးခွင်ဖန်တာဖြစ်မယ်" လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြည်သူ့စစ်တွေ ကတဆင့် ဒေသခံတွေကို စစ်သားစုဆောင်းရေးထဲ လိမ်လည်ခေါ်ယူတဲ့ကိစ္စနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကို ၂၀၂၃ သြဂုတ် ၂၃ ရက်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီ ပြောင်းရွှေ့ပစ်ခဲ့တယ်လို့ စစ်မှုထမ်းဟောင်း တယောက်က ဒီဗွီဘီကို ပြောပါတယ်။

"အရင်တိုင်းမှူး ပြောင်းသွားတာလည်း အဲဒါကြောင့်။ ပြည်သူ့စစ်တွေက ဒေသခံတွေကို စစ်ထဲဝင်ဖို့ စည်းရုံးလို့မရရင် PDF ဆိုပြီး ဖမ်းတဲ့ကိစ္စတွေ၊ လက်နက်သယ်တဲ့သူတွေမိရင် အပြစ်လွတ်အောင် အလင်းဝင်တယ်ဆိုပြီးလုပ်လို့ ပြဿနာတွေတက်ပြီး နေရာချိန်းလိုက်တာ” လို့ ပြောပါတယ်။

လက်ရှိမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်မှူးက အလယ်ပိုင်းတိုင်းက ပြောင်းလာတဲ့ ဗိုလ်မှူးချုပ် ဝေလင်းဖြစ်ပြီး သူ ပြောင်းလာပြီး ၄၅ ရက်အကြာမှာ ကျုံပျော်နဲ့ ရေကြည်မြို့နယ်က PDF ယောက် အလင်းဝင်တဲ့ သတင်းကို ဖြန့်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ပြည်နယ်နဲ့တိုင်း ၁၀ ခုက မြို့နယ် ၃၆ ခုမှာ အလင်းဝင်ခဲ့တဲ့ PDF ၂၀၅ ယောက်ရှိပြီး ဧရာဝတီတိုင်း၊ မြို့နယ် ၂၀ က အလင်းဝင်သူ ၁၁၉ ယောက်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013