DVB Logo
Home
နိုင်ငံတကာ
ကင်ညာနိုင်ငံတွင်  LGBT  ဆန့်ကျင် ဆန္ဒပြ
DVB
·
October 8, 2023
ကင်ညာနိုင်ငံတွင်  LGBT  ဆန့်ကျင် ဆန္ဒပြ
Donate to DVB

ကင်ညာနိုင်ငံမှာ အောက်တိုဘာ ၆ ရက်က ဘာသာရေးအဖွဲ့ပေါင်းစုံက ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေဟာ LGBT အသိုက်အဝန်းအပေါ် ဆန့်ကျင်တဲ့အနေနဲ့ တရားရုံးနဲ့လွှတ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကင်ညာနိုင်ငံရဲ့  တရားရုံးချုပ်က NGO ဘုတ်အဖွဲ့ကို LGBT အဖွဲ့အစည်းတွေအပေါ် အသိအမှတ်ပြုခွင့်ပေးခဲ့တဲ့ စီရင်ချက်ကြောင့် အခုလို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီချီတက်ပွဲမှာ လွှတ်တော်အမတ်တွေက ပါဝင်လာခဲ့တဲ့အပြင် စီရင်ချက်ကိုပါ အာဖရိကဓလေ့နဲ့ ဆန့်ကျင်နေတဲ့အတွက် တရားမဝင်ဘူးလို့ ဟောပြောခဲ့ကြပါတယ်။

ကင်ညာပြည်သူတွေ အနေနဲ့လည်း LGBT အခွင့်အရေးတွေအပေါ် ဆန့်ကျင်ပြောဆိုကြဖို့အတွက် ချီတက်ပွဲမှာပါဝင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

LGBT တက်ကြွလှုပ်ရှားသူ မာရီလိုက်ဇ် ဗျူဘွာကတော့ ဒီဆန္ဒပြပွဲတွေကြောင့် သူတို့ရဲ့ အသိုက်အဝန်းကို ကြောက်ရွံ့ထိတ်လန့်စေသလို အသက်အန္တရာယ်ကိုလည်း ထိခိုက်စေနိုင်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် ကင်ညာနိုင်ငံမှာ အမျိုးသမီးချင်းနဲ့ အမျိုးသားချင်း လိင်ဆက်ဆံမှုကို ထောင်ဒဏ် ၁၄ နှစ် အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ဒါပေမဲ့ LGBT အဖွဲ့ဝင်တွေအပေါ် လက်မခံတဲ့ဒေသမှာ ကင်ညာနိုင်ငံဟာ နှိုင်းယှဉ်ချက်အရ  ခိုလှုံစရာအဖြစ် ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

တခြားအာဖရိကနိုင်ငံပေါင်း ၃၀ ကျော်မှာ လိင်တူချင်း ဆက်နွှယ်မှုက တရားမဝင်ဖြစ်ပြီး ကင်ညာနိုင်ငံမှာတော့ ကိုလိုနီခေတ် လိင်တူချစ်သူဆန့်ကျင်ရေး ဥပဒေပြဋ္ဌာန်းချက် အတိုင်း အတင်းအကျပ်အရေးယူတာမျိုး ရှားပါးတယ်လို့ သိရပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013