DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ
DVB
·
October 7, 2023
ဘားအံတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ
Donate to DVB

ဘားအံမြို့နယ်ထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ၇ ကြိမ်တိုက်ခိုက်ခံရလို့ ၈ ယောက် ထိခိုက်သေဆုံးပြီး မွန်ပြည်နယ်ထဲမှာလည်း စစ်ကောင်စီဟာ ကုန်းလမ်းကို အသုံးမပြုရဲလို့ ရေလမ်းကပဲ သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံခရိုင်၊ တပ်မဟာ ၁၊ ဘားအံမြို့နယ် တပ်ရင်း ၁ နယ်မြေ ညောင်ကုန်းရွာမှာ တပ်စွဲထားတဲ့ အမှတ် ၁၀၁၄ BGF ညောင်ကုန်းစခန်းနဲ့ ပူးပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင် စခန်းကုန်းကို စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့ထိ ဒရုန်းစစ်ဆင်ရေး  ၇ ကြိမ်ပြုလုပ်ခဲ့ပြီး ၆၀ မမ ဗုံးသီး ၂၆လုံး နဲ့ ၈၁ မမ ဗုံးသီး ၂ လုံး၊ စုစုပေါင်း ဒရုန်းဗုံးသီး ၂၈ လုံးချခဲ့တယ်လို့ သထုံခရိုင်၊ တပ်မဟာ ၁ တာဝန်ရှိသူက ပြောပါတယ်။

UNITED DEMOCRATIC FORCE - UDF တပ်ဖွဲ့၊ တပ်မဟာ ၁ Fedreal Wing Drone တပ်ဖွဲ့နဲ့ KNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး BGF တပ်ဖွဲ့ဝင် ၁ ယောက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်မြင့်ဦးတို့ သေဆုံးခဲ့ပြီး ၆ ယောက် အပြင်းအထန်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကုန်းက လက်နက်နဲ့အလင်းဝင်လာမယ်ဆိုရင် ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်မယ်လို့လည်း UNITED DEMOCRATIC FORCE - UDF က အသိပေးထားပါတယ်။

မွန်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ရေး-မော်လမြိုင် ကားလမ်းကို လုံးဝ အသုံးမပြုရဲတာကြောင့် ရေလမ်းခရီးကနေပဲ သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ ရေးမြို့နယ်၊ ဇီးဖြူသောင် ရေလမ်းကြောင်းကနေ စစ်အင်အားတွေကို စစ်တပ်ရင်းဘက်မှာ ပြန်လည်အင်အားဖြည့်တင်းလာနေပြီး ရေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်ကို ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးအရှိန် မြှင့်တင်သွားမယ်လို့  ဒေါနစစ်ကြောင်းကနေ သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီ ဘက်က  ရေးမြို့နယ်၊ မြို့တွင်းမြို့ပြင် တပ်ဧရိယာလုံခြုံရေးကို ပိုယူလာခဲ့တာပါ။

အခုလို ဒေသအတွင်းမှာ စကစနဲ့ PDF တွေစစ်ရေးတင်းမာလာနေတဲ့အပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013