DVB Logo
Home
မြန်မာသတင်း
လုပ်သားများအတွက် တရက်လုပ်ခ ၁,၀၀၀ ကျပ် ထပ်တိုးပေး
DVB
·
October 7, 2023
လုပ်သားများအတွက် တရက်လုပ်ခ ၁,၀၀၀ ကျပ် ထပ်တိုးပေး
Donate to DVB

စက်ရုံ၊ အလုပ်ရုံလုပ်သားတွေအတွက် တရက်ကို ကျပ် ၅,၈၀၀ နှုန်းတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးက ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

အနည်းဆုံးအခကြေးငွေကို တရက် အလုပ်ချိန် ၈ နာရီအတွက် ၄,၈၀၀ ကျပ် သတ်မှတ်ထားခဲ့တာ ၅ နှစ်ကျော်ပြီဖြစ်ပေမဲ့ တိုးမလာသေးဘဲ ဝန်ထမ်းတွေကို တရက် ကျပ် ၁,၀၀၀ စီတိုးပေးလိုက်တဲ့အပေါ် အခုလို တိုးလာတာပါ။

အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားအလုပ်သမားတွေရဲ့ လုပ်ခကို အလုပ်ချိန် တရက် ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈၀၀ အပေါ် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ကို ထပ်မံခံစားခွင့်ပြုထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး အခု CMP စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကိုပါ အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ခံစားခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အဲဒီအမိန့်ကြေညာစာဟာ အောက်တိုဘာ ၆ ရက်က လူမူကွန်ရက်မှာထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ကတော့ အနည်းဆုံးလုပ်ခ ပြင်ဆင်သတ်မှတ်လိုက်တာ မှန်တယ်ဆိုပြီး မီဒီယာတချို့ဆီ အတည်ပြုပြောထားပါတယ်။

အနည်းဆုံး အခကြေးငွေနှုန်းထားကို နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီ တနာရီကို ၆၀၀ ကျပ်နှုန်းနဲ့ အလုပ်ချိန် ၈ နာရီ တရက်အတွက် ကျပ် ၄,၈၀၀ အဖြစ် ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလကပဲ ထုတ်ပြန် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလိုပြင်ဆင်လိုက်တဲ့ အနည်းဆုံးအခကြေးငွေဟာ အလုပ်သမားတွေမျှော်လင့်ထားတဲ့ ပမာဏထက် အများကြီးလျော့နည်းနေသလို ထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ပေးလိုက်တဲ့အပေါ်ဝေဖန်တာတွေ ရှိနေပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)ရဲ့ တာဝန်ရှိသူတယောက်က “ထောက်ပံ့ကြေးအနေနဲ့ သုံးထားတဲ့အတွက် အချိန်ပိုကြေးတွက်ချက်တဲ့အခါမှာ အဲဒီတိုးတဲ့တထောင်ကျပ်က အကျုံးမဝင်မယ့်သဘောဖြစ်နေတယ်။ အခုနှုန်းက အလုပ်သမားတွေ မျှော်လင့်ထားတဲ့နှုန်း မဟုတ်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ကျရောက်တဲ့ ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်နေ့အတွက် STUM ရဲ့ ကြေညာချက်မှာ အနည်းဆုံးအခကြေးငွေကို ကျပ်တထောင် လတ်တလော သတ်မှတ်ပေးဖို့ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။

အခုလို အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်တာမတိုင်ခင်က စက်ရုံတချို့က တရက်လုပ်ခ ၅,၆၀၀ ကျပ်နဲ့အထက် တိုးပေးထားတာတွေရှိခဲ့တာကြောင့် လစာပေးချေရာမှာ ရှုပ်ထွေးလာနိုင်တယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတယောက်က “ကြေညာချက် အတိုင်းပဲ ပြန်ပြင်ဆင်ထုတ်ပေးမလား။ ဘယ်လိုဆက်သွားမလဲ မပြောတတ်သေးဘူး။ ကြေညာချက်အတိုင်းဆို အချိန်ပိုကြေးတွေ ပြန်နည်းသွားမှာဖြစ်လို့ အလုပ်သမားတွေကို နစ်နာစေမှာသေချာတယ်” လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းကို ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့ပြီး အနည်းဆုံး ၂ နှစ်မှာ တကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ဥပဒေမှာပြဌာန်းထားပေမယ့် ၅ နှစ်ကျော်ကြာမှ ပြင်ဆင်ချက်ထွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013