DVB Logo
Home
နိုင်ငံတကာ
မိုးခေါင်ရေရှားမှု အဆုံးသတ်ရေး ဘိုလီးဗီးယားနိုင်ငံသားများ စုပေါင်းဆုတောင်း
DVB
·
October 7, 2023
မိုးခေါင်ရေရှားမှု အဆုံးသတ်ရေး ဘိုလီးဗီးယားနိုင်ငံသားများ စုပေါင်းဆုတောင်း
Donate to DVB

ဘိုလီးဗီးယားလူမျိုး ၃၀၀ ကျော်လောက်ဟာ အောက်တိုဘာ ၆ ရက်က လာပက်ဇ်မြို့ကို အပေါ်စီးကနေ မြင်ရတဲ့ အင်ကာချာကာ ရေကာတာအနီးရှိ ဖုန်ထူလှတဲ့ လွင်ပြင်ဆီကို ပူပြင်းလှတဲ့ နေရောင် အောက်မှာ ချီတက်ခဲ့ကြပြီး နိုင်ငံမှာ မိုး ရွာဖို့နဲ့  ရေ ရရှိမှုကို ခြိမ်းခြောက်နေတဲ့ မိုးခေါင် ရေရှားမှု အဆုံးသတ်ဖို့အတွက် စုပေါင်းဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။ 

“အခုချိန်မှာ ကမ္ဘာကြီးပူနွေးလာမှုက ဘိုလီးဗီးယားနဲ့ တကမ္ဘာလုံးကို ထိခိုက်နေလို့ ကောက်ပဲသီးနှံ အတွက် မိုးရွာဖို့၊ အစားအစာအတွက် မိုးရွာဖို့၊ လူတွေအတွက် မိုးရွာဖို့ လာဆုတောင်းတာပါ” လို့ ဧဝံဂေလိအသင်းတော်ရဲ့ အဖွဲ့ဝင် ဆူစန်နာ လာရုတာက ပြောပါတယ်။

“ရာသီဥတုပြောင်းလဲမှုက လူသားတွေ ရင်ဆိုင်နေရတဲ့ အပြောင်းအလဲတွေ (မိုးခေါင်ရေရှားမှု) ကို လှုံ့ဆော်ပေးတာကြောင့် ကမ္ဘာမြေပေါ်ကို မိုးရွာချပေးဖို့ ဒီနေရာကို အတူလာပြီး ဆုတောင်းတခု တည်းကို အတူတူ တောင်းဆိုဆန္ဒပြုကြတာပါ”လို့ ဧဝံဂေလိအသင်းတော်မှ ဘစ်ရှော့ ဘုန်းတော်ကြီး ဘယ်ရာဒို ဗီဒီယာက ပြောပါတယ်။

လူဦးရေ ၂ ဒသမ ၂ သန်း လောက်ရှိပြီး နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲ စာရင်းဝင်တဲ့ လာပက်ဇ်မြို့ကို ရေပေးဝေနေတဲ့ ရေလှောင်ကန် ၁၀ ခုက ရေတွေကို ပေါင်းလိုက်ရင် ရက်ပေါင်း ၁၃၅ ရက်စာပဲ ရှိတော့ကြောင်း ဘိုလီးဗီးယား နိုင်ငံပိုင်ရေကုမ္ပဏီ EPSAS က သတိပေးထားပါတယ်။

ထူးထူးခြားခြား မိုးရွာသွန်းမှု မရှိခဲ့ရင် ကုန်းမြင့်မြို့မှာ ရေပေးဝေမှုက ဖေဖော်ဝါရီလ မှာ ကုန်ခန်းသွားမှာဖြစ်ပါတယ်။ 

မိုးရာသီဟာ ဒီဇင်ဘာလမှာ စတင်မှာဖြစ်ပေမယ့် မိုးလေဝသ နောက်ဆုံး ခန့်မှန်းချက်က အားရ စရာမရှိပါဘူး။ 

အမျိုးသားမိုးလေဝသအေဂျင်စီက အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မိုးနည်းပါးဦးမယ် လို့ ခန့်မှန်းပြောကြားထားပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013