
ဘရာဇီးနိုင်ငံမြောက်ပိုင်း အယ်မဇိုနာစ်ပြည်နယ်က ပူရာကီးကွာရာ ရေကန်ပေါ်မှာ ရှိနေကျ ရေပေါ် အိမ်တွေဟာ အခုတော့ မိုးခေါင် ရေရှားဒဏ်ကြောင့် ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ခြေတံရှည် အိမ်တွေသာဖြစ်နေပြီ ဆိုတာကို ရိုက်တာမှ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို အောက်တိုဘာ ၆ ရက်က ပြသခဲ့ပါတယ်။
အဲဒီနယ်မြေက ဒေသခံတွေဟာ မိုးခေါင်ရေရှားမှုကြောင့် အရင်းအမြစ်တွေကို လက်လှမ်းမီရရှိမှု လျော့နည်းလာပြီး ဝင်ငွေထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။
“ရေအိုင်ထဲမှာ ရေမရှိလို့ ရေပေါ်အိမ်အတွက် ရေတွင်းတူးနေရပြီ”လို့ ဒေသခံ အီဗလ်မီယာ ဆီလ်ဗာ က ပြောပါတယ်။
ဒီထက် ပိုခက်ခဲလာရင် ရေကိုသုံးဖို့ ရေကို ချွေတာထားရတော့မှာဖြစ်ပြီး အစားအသောက် ချက်ပြုတ်ဖို့ ရေကို သုံးနေရတာလို့လည်း ဆိုပါတယ်။
ငါးဖမ်းရတာ၊ ဈေးရောင်းရတာ အခြေအနေတွေက ခက်ကုန်ပြီ လို့လည်း ဒေသခံ အိုတယ်နီဆီယို ရီကာဒို ဒီလီမာ က ပြောပါတယ်။
ကြွယ်ဝတဲ့ မြစ်ကြောင်းစနစ်တွေရှိတဲ့ ဘရာဇီးရဲ့ အယ်မဇွန် ဒေသဟာ ဆိုးရွားပြင်းထန်တဲ့ မိုးခေါင် မှုကြောင့် သူ့အနီးဝန်းကျင်မှာ နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေအတွက် သက်မွေးဘဝကို အထောက်အပံ့ ပြုပေးနေတာတွေလည်း ထိခိုက်ကုန်ပါတယ်။
အစီရင်ခံစာတွေအရ ငါးဖမ်းခြင်းနဲ့ အဓိက သက်မွေးဝမ်းကျောင်းပြုတဲ့ ဒေသမှာ လူပေါင်း ၁၁၁,၀၀၀ လောက် ထိခိုက်ခံခဲ့ရပါတယ်။
မိုးခေါင်ရေရှားမှုကြောင့် နောက်ဆုံးမှာ အယ်မဇွန်က လူပေါင်း ၅ သိန်းအထိ ထိခိုက်နိုင်တယ်လို့ ဘရာဇီးရဲ့ အရပ်ဖက် ကာကွယ်ရေးအေဂျင်စီက သတိပေးထားပါတယ်။
Source/Photo-Reuters










