
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ရဲတပ်ဖွဲ့ရဲ့ အသေအပျောက်အများဆုံး စစ်ဆင်ရေးတခုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဟာ အောက်တိုဘာ ၂၈ ရက်က ဆင်းရဲသားရပ်ကွက်တခုမှာ လုပ်တဲ့ အခမ်းအနားမှာ အဖြူရောင် မီးပုံးပျံတွေကို လွှတ်တင်ခဲ့ကြပါတယ်။
ဒီအခမ်းအနားဟာ ဝင်ရောက်စီးနင်းမှု ဖြစ်ခဲ့တဲ့ တနှစ်ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ဝမ်းနည်းကြေကွဲနေသူတွေက သေဆုံးသွားသူတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင် ငိုကြွေးခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က အာလေမောင်နဲ့ ပေညို ဆင်းရဲသားရပ်ကွက်တွေမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အရပ်ဘက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂,၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးဟာ ကွန်မန်ဒို ဗယ်လ်မေလိုဂိုဏ်းရဲ့ နယ်မြေချဲ့ထွင်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တယ်လို့ ရီယိုပြည်နယ် အစိုးရက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်က သေဆုံးသူဦးရေဟာ ရဲတပ်ဖွဲ့ဝင် ၄ ယောက် အပါအဝင် စုစုပေါင်း ၁၂၁ ယောက် ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် မဟုတ်သူ ၁၁၇ ယောက်က ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ ဒေသခံတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူသတ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
တနှစ်ကြာပေမဲ့ အရပ်ဘက်ရဲတပ်ဖွဲ့၊ ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ ရီယိုဒီဂျနေးရိုးပြည်နယ် ရှေ့နေချုပ်ရုံးတို့က စုံစမ်းစစ်ဆေးခဲ့ပေမဲ့ သေဆုံးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတဲ့ ကောက်ချက်တစုံတရာ ထွက်ပေါ်မလာသေးပါဘူး။
Source: Reuters











