DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရက်တည်း မီး ၃ ကြိမ်လောင်
DVB
·
October 7, 2023
ရန်ကုန်တွင် တရက်တည်း မီး ၃ ကြိမ်လောင်
Donate to DVB

ရန်ကုန်မှာ အောက်တိုဘာ ၆ ရက် မနေ့က တရက်တည်း မြို့နယ် ၃ ခုမှာ မီးလောင်ခဲ့ပြီး ၁ ကြိမ်ကိုတော့ Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်ရဲ့ မှတ်တမ်းအရ သိရပါတယ်။

မနေ့ နေ့လယ် ၁ နာရီ မိနစ် ၅၀ က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်၊ တောင်ငူလမ်းက အဆောက်အဦတခုမှာ မီးလောင်ခဲ့ပြီး မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် နေ့လယ် ၂ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။

ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊ အောင်ဇေယျလမ်းက ပြုပြင်နေဆဲ စားသောက်ဆိုင် တခုမှာလည်း နေ့လယ် ၁ နာရီ မိနစ် ၅၀ လောက်က ဝါယာရှော့ခ်ဖြစ် မီးလောင်ခဲ့ပြီး ဆိုင်အတွင်းက ဆိုဖာ၊ ဖော့ချပ်နဲ့ အခန်းတွင်းပစ္စည်းတွေ မီးစွဲလောင်ခဲ့ပါတယ်။

ရန်ကုန်မြို့ခံကယ်ဆယ်‌ရေးအသင်းဝင်တယောက်က “ရန်ကင်းမှာက ပြုပြင်လက်စ ဘီယာဆိုင်တခု လောင်တာပါ။ အတွင်းမှာသုံးတဲ့ ဖော့တွေနဲ့ ဝရိန်ပုံးကရှော့ခ်ဖြစ်ပြီး မီးစွဲလောင်တာ၊ ဆိုဖာတွေ၊ ဖော့ချပ်တွေရော လောင်သွားတယ်။ မီးခိုးလုံးတွေထွက်လို့ အတွင်းလှိုက်လောင်တဲ့ ပုံစံမျိုးဖြစ်တာ။ ၂ နာရီ ၅ မိနစ်လောက်မှာ ရေခဲသွားတယ်၊ ဒေါပုံ‌မှာက ၂ လွှာရဲ့ ဘယ်ဘက်က အခန်းလောင်တာ။ ဝါယာရှော့ခ်ဖြစ်ရင်း ဖြစ်တာလို့ ကနဦး သိရတယ်။ အသင်းဘက်က တဦး ထိခိုက်မိတာ ရှိပါတယ်” လို့ ပြောပါတယ်။

ရန်ကင်းမြို့နယ်က မီးလောင်မှုကို ရန်ကင်းမြို့နယ် မီးသတ်ယာဉ် ၂ စီးနဲ့ ရေသယ်ယာဉ် ၁ စီး၊ အရပ်ဘက်အသင်းတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး နေ့လယ် ၂ နာရီ ၅ မိနစ်ခန့်မှာ မီးငြိမ်းသွားကာ မီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

ညပိုင်း ၈ နာရီ ၄၅ မိနစ်လောက်မှာလည်း ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မင်္ဂလာသီရိလမ်းက တိုက် ၁ လုံးရဲ့ ၂ လွှာမှာ မီးလောင်ခဲ့ပြီး မီးတောက်အားကောင်းနေတာကြောင့် ည ၈ နာရီ ၅၅ မိနစ်လောက်မှာ Level 1 ယာဉ်အုပ်စုတွေ လာရောက်ငြှိမ်းသတ်ခဲ့ပါတယ်။

ဒေါပုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်၊ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ယာဉ်တွေ၊ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး မီးသတ်ပိုက်ခေါင်းနဲ့ ရိုက်မိ တာကြောင့် ကယ်ဆယ်ရေးအသင်းဝင် အမျိုးသား ၁ ယောက် နဖူးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မီးလောင်မှုကြောင့် တိုက်ခန်းအရှေ့တခန်းနဲ့ အတွင်းပစ္စည်းတွေ ပျက်စီးသွားပြီး မီးလောင်တဲ့အကြောင်းရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က တွက်ချက်နေဆဲ ဖြစ်ကာ ည ၉ နာရီမှာ မီးငြိမ်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013