DVB Logo
Home
မြန်မာသတင်း
၉ လကျော်အတွင်း စစ်ကောင်စီတပ်က  နိုင်ငံတဝန်း အမျိုးသမီး အယောက် ၅၀၀ ကို ဖမ်းဆီး
DVB
·
October 7, 2023
၉ လကျော်အတွင်း စစ်ကောင်စီတပ်က  နိုင်ငံတဝန်း အမျိုးသမီး အယောက် ၅၀၀ ကို ဖမ်းဆီး
Donate to DVB

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးအယောက် ၅၀၀၊ အမျိုးသား ၁,၃၆၃ ယောက်နဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ ၁ ယောက်၊ စုစုပေါင်း ၁,၈၆၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အေအေပီပီက ကောက်ယူထားတဲ့  သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဖမ်းဆီးခံရမှုအနေနဲ့ စစ်ကိုင်း တိုင်းမှာ ၃၆၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၃၁၆ ယောက်နဲ့ ဒုတိယ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၄၂ ယောက်နဲ့ ဖမ်းဆီးခံရသူပေါင်း ၂၅,၂၅၆ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၆၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၆၇၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၅ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၅၈၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ဇနီးမောင်နှံဖြစ်တဲ့ ကိုအောင်ဆန်းဝင်းနဲ့ မမျိုးစုသက်တို့ကို စစ်တပ်က သူတို့ရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄ ရက်မှာတော့ နေအိမ်ကို ချိပ်ပိတ်ခဲ့ကာ လက်ရှိမှာ စစ်ကိုင်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေ ပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013