DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ဟိမဝန္တာရေခဲအိုင် ကမ်းပါးပြိုကျပြီး အနည်းဆုံး ၁၄ ဦးသေဆုံး၊ ၁၀၀ ကျော် ပျောက်ဆုံး
DVB
·
October 5, 2023
အိန္ဒိယတွင် ဟိမဝန္တာရေခဲအိုင် ကမ်းပါးပြိုကျပြီး အနည်းဆုံး ၁၄ ဦးသေဆုံး၊ ၁၀၀ ကျော် ပျောက်ဆုံး
Donate to DVB

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဟိမဝန္တာ ရေခဲအိုင်တခု ကမ်းပါးပြိုကျခဲ့လို့ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၁၀၂ ဦး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆစ်ခင်မ် ပြည်နယ်အတွင်းရေးမှူး ဗီဂျေး ဘူရှန် ပါသက်ခ်က  “အခုအချိန်အထိ အလောင်း ၁၀ လောင်းကို ဆယ်ယူရရှိထားကြောင်းနဲ့ ပျောက်ဆုံးနေသူ ၈၂ ဦးရှိပြီး အဲဒီထဲမှာ စစ်တပ်က ၂၃ ဦးလည်း ပါဝင်နေတယ်” လို့ ပြောပါတယ်။

သူတို့ကိုလည်း ရှာဖွေနေပြီး ခြေရာခံလို့ ရနိုင်သမျှ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။ အခုချိန်ထိတော့ ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးရှိပြီး ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဆစ်ခင်မ်ပြည်နယ်ရှိ လိုနက်ခ်ရေကန်ဟာ အောက်တိုဘာ ၄ ရက်က ကမ်းပါးပြိုကျမှုကြောင့် ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၂,၀၀၀ ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ANI သတင်းဌာနက ဗီဒီယိုဖိုင်မှာတော့ တံတားတစင်း ပျက်စီးသွားပြီး ရေဘေးသင့်ကျေးရွာရှိ အပျက်အစီးတွေကြားမှာ လူတွေဟာ ပစ္စည်းတွေကို လိုက်ဆယ်ယူနေကြတာတွေကို ပြသထားပါတယ်။ တံတား ၁၁ စင်း မျောပါသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မော်တော်ယာဉ်တွေ ရေထဲနစ်မြုပ်သွားပြီး နေအိမ်အများအပြား ပြိုကျခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက အစီရင်ခံပါတယ်။

ဆစ်ခင်မ်နဲ့ အနီးတဝိုက် ပြည်နယ်တချို့မှာ လာမယ့် ၂ ရက်အတွင်း မိုးပိုလာမယ်လို့ ခန့်မှန်းထားတာကြောင့် မြေပြိုမှုတွေနဲ့ လေယာဉ်ခရီးစဉ်တွေ အနှောင့်အယှက် ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။

အဓိကလမ်းမကြီး ပြိုကျထားလို့ ဆစ်ခင်မ်ပြည်နယ်ဟာ အနောက်ဘင်္ဂလားရှိ စီလီဂူရီနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013