DVB Logo
Home
အားကစား
အာရှအားကစား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ကြေးတံဆိပ်ဆုရရှိ
DVB
·
October 5, 2023
အာရှအားကစား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ကြေးတံဆိပ်ဆုရရှိ
Donate to DVB

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစား မီတာ ၅၀၀ နဂါးလှေလှော်ပြိုင်ပွဲကို အောက်တိုဘာ ၅ ရက်‌ ဒီနေ့ ယှဥ်ပြိုင်ခဲ့ရာ မြန်မာအမျိုးသမီး လှေလှော်အသင်းက တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

နဂါးလှော်ပြိုင်ပွဲ အမျိုးသမီး မီတာ ၅၀၀ ကို နိုင်ငံ ၉ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမလူရွေးပွဲမှာ ၂ မိနစ် ၂၄ ဒသမ ၈ စက္ကန့်နဲ့ ဒုတိယနေရာက ပန်းဝင်ခဲ့တာကြောင့် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာလည်း ၂ မိနစ် ၂၄ ဒသမ ၄ စက္ကန့်နဲ့ ဒုတိယနေရာက‌ေန ထပ်မံပန်းဝင်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ခဲ့ပြီး ဗိုလ်လုပွဲမှာ ၂ မိနစ် ၂၄ ဒသမ ၈ စက္ကန့်နဲ့ တတိယနေရာမှ ပန်းဝင်ခဲ့တာကြောင့် ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

နဂါးလှေလှော် အမျိုးသမီး မီတာ ၅၀၀ မှာ ရရှိခဲ့တဲ့ ကြေးတံဆိပ်ဟာ မြန်မာအားကစားအဖွဲ့ရဲ့ ဒုတိယမြောက် ဆုတံဆိပ် ဖြစ်ပါတယ်။

နဂါးလှေလှော် အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲမှာ တရုတ်အသင်းက ပထမ ရွှေတံဆိပ်၊ အင်ဒိုနီးရှားအသင်းက ဒုတိယ ငွေတံဆိပ်နဲ့ မြန်မာအသင်းက ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

အမျိုးသား နဂါးလှေလှော် မီတာ ၅၀၀ ပြိုင်ပွဲမှာ မြန်မာအားကစားအသင်းဟာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပေမဲ့ ပဉ္စမနေရာသာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013